သမ္မတလွတ်ငြိမ်းချမ်းသာခွင့်တွင် ရိုဟင်ဂျာဆိုသူများ ၏ခေါင်းဆောင်လေးဦးပါ

သမ္မတလွတ်ငြိမ်းချမ်းသာခွင့်တွင် ရိုဟင်ဂျာဆိုသူများ ၏ခေါင်းဆောင်လေးဦးပါ

မကြာသေးမီက သမ္မတဦးသိန်းစိန် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းချထားသည့် ပြစ်ဒဏ်များမှ ပြန်လည်လွှတ်ပေးလိုက်သည့် အကျဉ်းသားများတွင် ရိုဟင်ဂျာဆိုသူများ၏ ခေါင်းဆောင်လေးဦး ပါဝင်ကြောင်း Amnesty International ၏ ထုတ်ပြန်ချက်အရသိရသည်။

ခေါင်းဆောင်များဖြစ်သည့် ဦးဘသာ၊ ဦးကျော်မြင့်နှင့် ၎င်း၏ သား ဦးလှမြင်နှင့် ဦးကျော်ခင်တို့ လေးဦးသည် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသည့် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ ၁၁ ဦးတွင် အပါအဝင်ဖြစ်သည်။ ၂၀၁၃ ခုနှစ် ဧပြီလအတွင်းက ရိုဟင်ဂျာဆိုသူများကို အသိအမှတ်မပြုသည့် အစိုးရ၏ မှတ်ပုံတင်ထုတ်ပေးရေးလုပ်ငန်းစဉ်ကို ဆန့်ကျင်သည့် ဆန္ဒပြမှုတွင် ပါဝင်ခဲ့ခြင်းကြောင့် ဖမ်းဆီးခဲ့ခြင်ဖြစ်သည်။

၎င်းတို့ သုံးဦးသည် ၂၀၁၃ ခုနှစ်က လူထုဆန္ဒပြမှုနှင့် ပါဝင်ပတ်သက်မှုရှိသည်ဆိုကာ ထောင်ချခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ဇူလိုင် ၃၀ ရက်က စစ်တွေအကျဉ်းထောင်မှ ပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

၎င်းတို့ကို ပြစ်မှုပုဒ်မမျိုးစုံတပ်ကာ စစ်ဆေးခဲ့ပြီး ၂၀၁၃ တွင် စစ်တွေ တရားရုံးက ဦးဘသာကို အပြစ်မရှိကြောင်း တရာသေလွှတ်ခဲ့ကာ ကျန်သုံးဦးကို ထောင်ဒဏ် တစ်နှစ်နှင့် ၁၈ လချမှတ်ခဲ့သည်။ ရခိုင်ပြည်နယ် ဥပဒေအရာရှိက ပြစ်ဒဏ်ထပ်တိုးချမှတ်ရန် လျှောက်ထားလာပြီး ၂၀၁၅ မတ်လတွင် လေးဦးစလုံးအား ထောင်ဒဏ် ငါးနှစ်နှင့် ရှစ်နှစ်ကြား ချမှတ်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly