မန်ယူဂိုးသမား ရိုမဲရိုး ၂၀၂၁ ခုနှစ်အထိ စာချုပ် သက်တမ်းတိုး

မန်ယူဂိုးသမား ရိုမဲရိုး ၂၀၂၁ ခုနှစ်အထိ စာချုပ် သက်တမ်းတိုး
(ဓာတ်ပုံ - အီးပီအေ)

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အာဂျင်တီးနား ဂိုးသမား ဆာဂျီယို ရိုမဲရိုးဟာ အသင်းနဲ့ ၂၀၂၁ ခုနှစ်အထိ သက်တမ်းရှိ (၄) နှစ် သက်တမ်းတိုး စာချုပ်လိုက်ကြောင်း သိရပါတယ်။

အသက် ၃၀ နှစ်ရှိ ရိုမဲရိုးဟာ အီတီလီကလပ် ဆမ်ဒိုရီးယားအသင်းမှ ထွက်ခွာပြီးနောက် ၂၀၁၅ ခုနှစ်က အလွတ်ပြောင်းရွှေ့ကြေးနဲ့ ယူနိုက်တက်အသင်းထံ ရောက်ရှိခဲ့သူဖြစ်ပါတယ်။

သူဟာ အာဂျင်တီးနားအသင်းရဲ့ ပထမဂိုးသမားအဖြစ် ၂၀၁၄ ကမ္ဘာ့ဖလားဗိုလ်လုပွဲနှင့် ၂၀၁၅ နှင့် ၂၀၁၆ ကိုပါအမေရိကဖလားဗိုလ်ပွဲဖြစ်တဲ့ ချီလီအသင်းနဲ့ တွေမှာ စတင်ကစားခဲ့ပါတယ်။

ရိုမဲရိုးဟာ ယခုနှစ် မေလက အေဂျက်အသင်းကို အနိုင်ခဲ့တဲ့ ယူရိုပါလိဂ်မှာ ဗိုလ်လုပွဲစဉ်မှာလည်း ဒီဂီယာအစား ပထမဂိုးသမားအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

ယူနိုက်တက်ရဲ့ ဒုတိယဦးစားပေး ဂိုးသမား ရိုမဲရိုးဟာ  အိုးထရက်ဖို့ဒ်မှာ နှစ်ရာသီအတွင်း (၂၈) ပွဲကစားခဲ့ပေမယ့် ၎င်းထဲမှ ပရီးမီးယားလိဂ် (၆)ပွဲသာ ပါဝင်ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly