နိုင်ငံရေပိုင်နက်ထဲ ၀င်ရောက်ခဲ့သည့် တရုတ်ကမ်းခြေစောင့် သင်္ဘောနှစ်စင်းကို ဂျပန် သတိပေး

နိုင်ငံရေပိုင်နက်ထဲ ၀င်ရောက်ခဲ့သည့် တရုတ်ကမ်းခြေစောင့် သင်္ဘောနှစ်စင်းကို ဂျပန် သတိပေး

ဇူလိုင် ၁၆ ။              ။ တရုတ် ကမ်းခြေစောင့် သင်္ဘောနှစ်စင်း ပြီးခဲ့သည့် ဇူလိုင် ၁၅ ရက်က ဂျပန် ရေပိုင်နက်ထဲ ဝင်ရောက်ခုတ်မောင်းခဲ့မှု ဖြစ်စဉ်တစ်ခု ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

ဂျပန်နိုင်ငံ Kyushu ကျွန်း၏ အနောက်တောင်ဘက် ကျွန်းငယ်နှစ်ခုအနီး အဆိုပါ တရုတ်သင်္ဘောများ ဝင်ရောက်ခုတ်မောင်းခဲ့ခြင်းဖြစ်ကြောင်း ဂျပန် ကမ်းခြေစောင့်တပ်က အတည်ပြုသည်။

ကုလသမဂ္ဂ ပင်လယ်ပြင် ဥပဒေအရ နိုင်ငံတိုင်းမှ ရေယာဉ်သင်္ဘောများအနေဖြင့် အခြားသော နိုင်ငံများ၏ ဘေးကင်းလုံခြုံရေးကို အန္တရာယ်မဖြစ်စေဘဲ ရေပိုင်နက်များအတွင်း ဖြတ်သန်းခုတ်မောင်းနိုင်ခွင့် ရှိသည်ဟုလည်း သိရသည်။

အဆိုပါ တရုတ် သင်္ဘောများ နိုင်ငံရေပိုင်နက်ထဲ ဝင်ရောက်လာခဲ့ချိန်တွင် ချက်ချင်း ပြန်လည်ထွက်ခွာသွားပေးရန် ဂျပန် ကမ်းခြေစောင့်တပ်က တောင်းဆိုပြောကြားခဲ့ရသည်ဟုလည်း သိရသည်။

ယင်းနေ့က တရုတ်ကမ်းခြေစောင့်တပ်မှ သင်္ဘောတစ်စင်း မနက် ၁၁ နာရီ ၅၀ ခန့်က Tsushima ကျွန်းအနီး ဝင်ရောက်ခုတ်မောင်းခဲ့ခြင်းကြောင့် ဂျပန်ဘက်က ရေဒီယိုဖြင့်   ပြန်လည်ထွက်ခွာ ခိုင်းခဲ့ပြီးနောက်  နေ့လည် ၁၂ နာရီ ၂၀ ခန့်တွင် အဆိုပါ တရုတ်သင်္ဘော ပြန်ထွက်သွားခဲ့သည်ဟု ဆိုသည်။

အလားတူ နောက်ထပ် တရုတ်သင်္ဘောတစ်စင်း နေ့လည် ၃ နာရီ ၅၀ ခန့်တွင် Okinoshima ကျွန်းမြောက်ဘက်နားတွင် ထပ်မံ ဝင်ရောက်ခဲ့ပြီး ညနေ ၅ နာရီခန့်တွင် ဂျပန်ရေပိုင်နက်အတွင်းမှာ   ပြန်လည်ထွက်ခွာသွားခဲ့သည်ဟု သိရသည်။

အလားတူ ယင်းနှစ်နိုင်ငံအကြား အငြင်းပွားနေသည့် Diaoyu ကျွန်းစုများအနီး ဂျပန်ရေပိုင်နက်အတွင်း ယခုကဲ့သု့ိ တရုတ်သင်္ဘောများ မကြာခဏဆိုသလို ဝင်ရောက်ခုတ်မောင်းခဲ့မှုများလည်း ရှိထားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly