မောင်တောဒေသခံတိုင်းရင်းသားများအတွက် နယ်မြေလုံခြံုရေးနှင့် တရားဥပဒေစိုးမိုးရေးကို လက်တွေ့ကျကျ ဆောင်ရွက်ပေးရန် လိုအပ်နေ

မောင်တောဒေသခံတိုင်းရင်းသားများအတွက် နယ်မြေလုံခြံုရေးနှင့် တရားဥပဒေစိုးမိုးရေးကို လက်တွေ့ကျကျ ဆောင်ရွက်ပေးရန် လိုအပ်နေ

 မောင်တော၊ ဇူလိုင် ၁၆ ရက်။            ။ ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုများ ဆက်တိုက်ဖြစ်ပေါ်လျှက်ရှိသော ဘူးသီးတောင်မြို့ နယ်၊ မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ်များတွင်   ဒေသခံတိုင်းရင်းသားများ၏ အသက်အိုးအိမ် လုံခြုံရေးများ၊ တရားဥပဒေစိုးမိုးရေးနှင့်  နယ်မြေလုံခြုံရေးများကို လက်တွေ့ကျကျ ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ရခိုင်ပြည်နယ် လွှတ်တော်တွင် အဆိုတင်သွင်းခဲ့သည်။

၎င်းအဆိုကို ဇူလိုင်လ ၁၄ ရက်နေ့တွင်ကျင်းပသော ဒုတိယအကြိမ်မြောက် ရခိုင်ပြည်နယ်လွှတ်တော် ပဉ္စမပုံမှန်အစည်း အဋ္ဌမမြောက်နေ့တွင် ဘူးသီးတောင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှုယ် ဦးထွန်းအောင်သိန်းက ရခိုင်ပြည်နယ်လွှတ်တော်တွင် အဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။

“ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်တွေက ဒေသခံတိုင်းရင်းသားတွေဟာ ဘင်္ဂလီတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို မကြာခဏဆိုသလိုပဲ ခံနေကြရတယ်။ နောက်ထပ်လည်း  ဒီလိုအကြမ်းဖက်မှုတွေ ဖြစ်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပြီးတော့ အိုးအိမ်တွေကို စွန့်ပြီး ထွက်ပြေးနေကြရတဲ့ အိမ်ထောင်စုတွေ ပိုမိုများပြားလာခဲ့ပါတယ်။ ဒါကြောင့် သူတို့တွေအတွက် နယ်မြေလုံခြုံဖို့နဲ့ တရားဥပဒေစိုးမိုးရေးတွေကို လက်တွေ့ကျကျ အကောင်ထည်ဖော် ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။”ဟု ဘူးသီးတောင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်   တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက လွှတ်တော်တွင် အဆိုတင်သွင်းခဲ့သည်။

မောင်တောခရိုင် ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင် ဒေသခံတိုင်းရင်းသားများ နယ်မြေလုံခြုံရေး နှင့် အကြမ်းဖက်တိုက်ခိုက်မှုများကို တပ်မတော်မှ ကာကွယ်နှိမ်နှင်းပေးရန် လိုအပ်ကာ အကြမ်းဖက်မှုများ ဖြစ်ပေါ်လာလျှင် တိုင်းရင်းသား ကျေးရွာများအချင်းချင်း အချိန်မှီသွားလာနိုင်ရန်နှင့် ဆက်သွယ်ရေးများ ကောင်းမွန်စေရေးအတွက်လည်း ပြုလုပ်ပေးရန် လိုအပ်ကြောင်းလည်း ၎င်း၏အဆိုတွင် ထည့်သွင်းပြောခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly