မွေးကင်းစကလေး ကိုပြတင်းပေါက်မှ ပစ်ချသည့် စပိန်မိခင်ထောင်လေးနှစ်ကျခံရ

မွေးကင်းစကလေး ကိုပြတင်းပေါက်မှ ပစ်ချသည့် စပိန်မိခင်ထောင်လေးနှစ်ကျခံရ
ဓာတ်ပုံ - ဒေးလီးစတား

သြဂုတ်လ ၅ ရက်က လူသိရှင်ကြားကြေညာသည့် စီရင်ချက်တစ်ရပ်အရ မွေးကင်းစ ကလေး ငယ်တစ်ယောက်ကို ပြတင်းပေါက်မှ ပစ်ချခဲ့သည့် စပိန်အမျိုးသမီး တစ်ယောက်ကို လူသတ်ရန် ကြိုးစားမှုဖြင့် အပြစ်ရှိကြောင်း ရုံးတော်က စစ်ဆေးတွေ့ရှိပြီးနောက်တွင် ထောင် ၄ နှစ် ပြစ်ဒဏ်ချမှတ် ခဲ့သည်ဟု ဆိုသည်။

ယခုဆိုလျှင် အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်သည့် အဆိုပါ အမျိုးသမီးမှာ မိဘနှစ်ပါး၊ မောင် သုံးယောက်၊ အခြားကလေးနှစ်ယောက်တို့နှင့် စုပေါင်းနေထိုင်ရာ မက်ဒရစ်မြို့အရှေ့ပိုင်းရှိ တိုက်ခန်း တစ်ခု၏ရေ ချိုးခန်းထဲတွင် ၂၀၁၃ ခုနှစ် ခရစ္စမတ်အကြိုနေ့က သမီးမိန်းခလေးတစ်ယောက်ကို လျှို့ဝှက်မွေးဖွားခဲ့သည်ဟု ဆိုသည်။

မွေးပြီးပြီးချင်းပင် အဆိုပါအမျိုးသမီးက မွေးကင်းစကလေး၏ အချင်းကို ဖြတ်ကာ ဂျင်း ဘောင်းဘီဖြင့် ထုပ်ပိုးလျက် မီးဖိုချောင်ပြတင်းပေါက်မှနေ၍ ပေါ်တီကိုပေါ်သို့ ၁ ဒသမ ၇ မီတာ (၅ ဒသမ ၇ ပေ) အမြင့်မှ ပစ်ချခဲ့သည်ဟု ဆိုသည်။

အမျိုးသမီး၏ မိခင်ဖြစ်သူက ကလေးကို တွေ့သည့်အခါတွင် နှလုံးခုန် ရပ်မတတ်ဖြစ်သွားပြီး ကိုယ်အပူချိန် အလွန်အမင်း ကျဆင်းသော ဝေဒနာခံစားနေရသည့် ကလေးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ ရာ ၇၄ ရက်ကြာ ကုသမှု ခံယူခဲ့ရသည်ဟု ဆိုသည်။

မွေးကင်းစကလေးကို ပြတင်းပေါက်မှ ပစ်ချစဉ်တွင် သေစေလိုသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ် ခဲ့သည်ဟု မက်ဒရစ်ရုံးတော်က ဆုံးဖြတ်၍ အဆိုပါအမျိုးသမီးကို ထောင် ၄ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့သည့် အပြင်သေကံမရောက်သော သမီးငယ်အား လျော်ကြေး ကန်ဒေါ်လာ ၆၉,၀၅၃ ပေးဆောင်ရန် အမိန့် ထုတ်ပြန်ခဲ့သည်။

ပစ်ချခဲ့သည့်ဒဏ်ကြောင့် ကြွက်သား အားနည်းသွားသည့် မွေးကင်းစ မိန်းခလေးကိုမူ မွေးစား မိသားစု တစ်စုထံသို့ ပေးအပ် မွေးစားစေခဲ့သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly