ကရင်ပြည်နယ်ဝန်ကြီးချုပ် ရန်ကုန်ဆေးရုံကြီး၌ တစ်ပတ်ခန့် ကုသခံရမည်

ကရင်ပြည်နယ်ဝန်ကြီးချုပ် ရန်ကုန်ဆေးရုံကြီး၌ တစ်ပတ်ခန့် ကုသခံရမည်
ဓာတ်ပုံ-သူရ/မဇ္ဈိမ

ရန်ကုန် ၊ ဇူလိုင် ၁၅ ။            ။ ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်အနေဖြင့် ရန်ကုန်ဆေးရုံကြီး၌ ရက်သတ္တပတ်တစ်ပတ်ခန့် ကုသမှုခံယူရမည်ဟု ရန်ကုန်ဆေးရုံအုပ်ကြီးဖြစ်သူ   ဒေါက်တာဦးအေးကိုကိုက မဇ္ဈိမသို့ အတည်ပြုပြောဆိုသည်။

"ဘယ်ဘက်ခြေထောက်က အရိုးနှစ်ချောင်းကျိုးသွားတာ ၁၅ ရက် ၊ ၇ ရက် တစ်ပတ်လောက်ထားပြီးတော့ အဲ့ဒီရောဂါကို ကုရမယ်" ဟု ဒေါက်တာဦးအေးကိုကို က ဆိုသည်။

ယင်းအပြင် ယနေ့ ဇူလိုင် လ ၁၅ ရက်နေ့ နံနက် ၉ နာရီခန့်က ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်ကို ခွဲစိတ်ကုသခဲ့ပြီး ကျန်းမာရေးအခြေအနေ စိုးရိမ်စရာမရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီနာယက သူရဦးတင်ဦးကဲ့သို့ ရောဂါအခြေအနေနှင့် လူနာ၏ အသက်အရွယ်အပေါ် မူတည်ကာ ဆေးဝါးကုသရေးကော်မတီဖွဲ့ပြီး ကြတ်မတ်ကုသနေသည်ဟု သိရသည်။

ယမန့်နေ့ နံနက်ပိုင်းက တောင်ကလေးဆရာတော်မွေးနေ့ပွဲသို့ သွားရာလမ်းတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့် စီးနင်းလာသော ကားမှာ စက်ချို့ယွင်းပြီး ဘားအံမြို့ဂေါက်ကွင်းရှေ့ရှိ သစ်ပင်ကို ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဖြစ်ပွားခဲ့ပြီးနောက် ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့် သည် ယမန်နေ့ ညနေ ၅ နာရီခန့်၌ ရန်ကုန်ပြည်သူဆေးရုံကြီးသို့ ရောက်ရှိလာပြီး နှလုံးရောဂါ ကုသဆောင်တွင် ကုသမှုခံယူနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly