ဒီယေဂိုကော်စတာနှင့် မက်တစ်တို့ ချယ်လ်ဆီးအသင်း လူစာရင်းမှချန်လှပ်ခံရ

ဒီယေဂိုကော်စတာနှင့် မက်တစ်တို့ ချယ်လ်ဆီးအသင်း လူစာရင်းမှချန်လှပ်ခံရ

ဇူလိုင် ၁၅၊ လန်ဒန်။          ။ စတမ်းဖို့ဒ်ဘရစ်ချ်မှ ထွက်ခွာမည်ဟု သတင်းထွက်နေကြသော ဒီယေဂိုကော်စတာနှင့် နီမန်ဟာမက်တစ်တို့သည် ချယ်လ်ဆီး အသင်း၏ အာရှအရှေ့ပိုင်းခြေစမ်းခရီးစဉ်ကို လွဲချော်ကြမည်ဖြစ်သည်။

ချယ်လ်ဆီးအသင်းသည် တနင်္လာနေ့တွင်တရုတ်သို့ ထွက်ခွာမည်ဖြစ်ပြီး ကစားသမားနှစ်ဦးစလုံးကို ရွေးချယ်မည် မဟုတ်ဟု နည်းပြကွန်တီကပြောသည်။

အသက် ၂၈ နှစ်ရှိကော်စတာသည် အက်သလက်တီကိုအသင်း ကစားသမားခေါ်ယူခွင့်ပိတ်ခံထားရသည့်တိုင် အသင်းဟောင်းသို့ ပြန်လည်ပြောင်းရွှေ့ချင်နေသည်။

အသက် ၂၈ နှစ်အရွယ် ကွင်းလယ်ကစားသမားမက်တစ်ကိုမူ မန်ချက်စတာယူနိုက်တက်အသင်းကခေါ်ယူနိုင်ရန် ကြိုးစားနေသည်။ ထို့ပြင် အီတလီကလပ်များကလည်း အလိုရှိနေကြသည်။

မိုနာကိုကွင်းလယ်ကစားသမား ဘာကာယိုကိုသည် လာမည့်ရာသီတွင် ချယ်လ်ဆီးအသင်း၌ မာတစ်၏ နေရာအစားထိုးမည့်သူ အဖြစ် မျှော်လင့်ရသည်။

အသက် ၂၂ နှစ်အရွယ်ကစားသမားအနေဖြင့် လာမည့်ရက်ပိုင်းအတွင်း ပရီးမီးယားလိဂ်ချန်ပီယံအသင်းသို့ရောက်လာဖွယ်ရှိနေ သည်။

ချယ်လ်ဆီးအသင်းသည် ရာသီကြိုခရီးအဖြစ် စင်ကာပူသို့သွားပြီး ဘိုင်ယန်မြူးနစ်၊ အင်တာမီလန်တို့နှင့်မကစားမီ ဇူလိုင် ၂၂ တွင် ပေကျင်း၌ အာဆင်နယ်နှင့်ကစားမည်ဖြစ်သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly