ဂျုဗင်တပ်စ် နောက်ခံလူ ဘိုနူချီကို ၅ နှစ် စာချုပ်ဖြင့် ခေါ်ယူခဲ့ကြောင်း အေစီမီလန် ထုတ်ပြန်

ဂျုဗင်တပ်စ် နောက်ခံလူ ဘိုနူချီကို ၅ နှစ် စာချုပ်ဖြင့် ခေါ်ယူခဲ့ကြောင်း အေစီမီလန် ထုတ်ပြန်
(ဓာတ်ပုံ - မီလန်)

အေစီမီလန်အသင်းဟာ ဂျုဗင်တပ်စ် နောက်ခံလူ လီယိုနာဒို ဘိုနူချီကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ကလပ်အသင်းက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဘိုနူချီဟာ မီလန်နဲ့  ၅ နှစ် စာချုပ်,ချုပ်ဆိုမှာဖြစ်ပြီး လာမယ့် ရက်အနည်းငယ်အတွင်းမှာ ဆေးစစ်မှုခံယူသွားမှာဖြစ်ပါတယ်။

မီလန်ဟာ ဘိုနူချီ ရဲ့ပြောင်းရွှေ့ကြေးအတွက် ယူရို ၄၂ သန်းကို (၃)နှစ်ကျော် ပေးချေရမယ်လို့ ဂျူဗီတပ်စ်အသင်းက အတည်ပြုပြီး မီလန်အသင်းမှာ တစ်နှစ်လစာ ယူရို(၁၀)သန်းရရှိမှာဖြစ်တာကြောင့် စီးရီးအေမှာ လစာငွေ အများဆုံးကစားသမားဖြစ်တယ်လို့ သိရပါတယ်။

ဘိုနူချီဟာ ဂျူဗီတပ်စ်အသင်းနဲ့ ပြီးခဲ့တဲ့ ၆ နှစ်အတွင်း စီးရီးအေ အမှတ်ပေးဖလား (၆) ကြိမ် ရရှိခဲ့ပြီး ၂၀၀၆ မှာလည်း မီလန်ပြိုင်ဖက် အင်တာနဲ့အတူ အမှတ်ပေးဖလား ဆွတ်ခူးခဲ့ဖူးပါတယ်။

အသက် (၃၀)နှစ်အရွယ်ရှိပြီဖြစ်သူ ဘိုနူချီဟာ ဂျူဗင်တပ်စ်အသင်းမှာ ၂၀၁၀ မှ ၂၀၁၇ ခုနှစ်အထိ ကစားခဲ့ပါတယ်။

Ref; ESPN

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags