ဒန်နီစီဘယ်လော့စ်ကို ခြောက်နှစ်စာချုပ်ဖြင့် ရီးယဲလ်ခေါ်ယူ

ဒန်နီစီဘယ်လော့စ်ကို ခြောက်နှစ်စာချုပ်ဖြင့် ရီးယဲလ်ခေါ်ယူ

ဇူလိုင် ၁၄၊ စပိန် ။           ။ ရီးယဲလ်အသင်းသည် ဘက်တစ်အသင်းမှ စပိန်လူငယ်ကွင်းလယ်ကစားသမား ဒန်နီစီဘယ်လော့စ်ကို ခြောက်နှစ်စာချုပ်ဖြင့် ခေါ်ယူလိုက်ပြီဖြစ်သည်။

အဆိုပါသတင်းကို ရီးယဲလ်အသင်းက ၎င်းတို့၏တွစ်တာစာမျက်နှာနှင့် ရီးယဲလ်မက်ဒရစ်ဝက်ဆိုက်တွင် စီဘယ်လော့စ်၏ ပုံနှင့်တကွ ဖော်ပြကာ အတည်ပြုခဲ့ခြင်း ဖြစ်သည်။

စီဘယ်လော့စ်၏ ပြောင်းရွှေ့ကြေးကို အတိအကျ ဖော်ပြခြင်းမရှိသော်လည်း ယူရို ၁၈ သန်းပေးချေခဲ့ရသည်ဟု သတင်းများက ဖော်ပြနေကြသည်။

လာမည့်အပတ် ကြာသပတေးနေ့တွင် စီဘယ်လော့စ်ကို ရီးယဲလ်ပရိသတ်များနှင့် မိတ်ဆက်ပွဲ အခမ်းအနားပြုလုပ်မည်ဖြစ်သည်။

စီဘယ်လော့စ်သည် ပြီးခဲ့သည့် ဥရောပယူ-၂၁ ပြိုင်ပွဲတွင် စပိန်အသင်းအတွက် ခြေစွမ်းပြကစားခဲ့ပြီး ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးကစားသမားဆုကို ရခဲ့သူဖြစ်သည်။

ရီးယဲလ်အသင်းမှ အသစ်ခေါ်ယူထားသည့် နောက်ထပ်ကစားသမားတစ်ဦးဖြစ်သည့် သီယိုဟာနန်ဒက်ဇ်မှာမူ အသင်းနှင့်အတူ ပထမဆုံးလေ့ကျင့်ခန်းပြုလုပ်နေပြီ ဖြစ်သည်။

ရည်ညွှန်း ရီးယဲလ်မက်ဒရစ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly