“ ဘတ်စ်ကားစီး ခရီးသည်တွေ အဆင်မပြေတာ ဘယ်သူ့မှာ တာဝန်အရှိဆုံးလဲ”

“ ဘတ်စ်ကားစီး ခရီးသည်တွေ အဆင်မပြေတာ ဘယ်သူ့မှာ တာဝန်အရှိဆုံးလဲ”

ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေကို ထိန်းသိမ်းကြပ်မတ်နေတဲ့ မထသ ဗဟို ရဲ့ ထုတ်ပြန်ကြေညာချက်အရ ခုဆိုရင် ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေရဲ့ ဘတ်စ်ကား စီးခနှုန်း ထားတွေကို ပြောင်းလဲသတ်မှတ်ဖို့ ဆွေးနွေးနေပြီလို့ သိရပါတယ်။ အခုလို လုပ်ရ တာဟာ ဘတ်စ်ကားလိုင်းတွေရဲ့ ယာဉ်စီးခ တောင်းခံမှု မမှန်ကန်မှုတွေ များလာတာ၊ ပြည်သူတွေ ရဲ့ တိုင် ကြားချက် လက်ခံရရှိနေတာကြောင့်လို့ ဆိုပါတယ်။ ဒီလို ယာဉ်စီးခ သတ်မှတ်မှု ပြောင်းလဲ ဖို့ ရန်ကုန် တိုင်း အစိုးရအဖွဲ့ကို တင်ပြထားပြီး ခွင့်ပြုချက်ရရင် အကောင်အထည် ဖော်တော့မယ်လို့ သိရပါတယ်။ လက်ရှိ ရန်ကုန်ဘတ်စ်ကားလိုင်းတွေရဲ့ ယာဉ်စီးခ သတ်မှတ်မှု ဘယ်လို ရှိနေသလဲ၊ လက်တွေ့ ပြည် သူတွေ ဘယ်လိုကြုံနေရသလဲ၊ ရန်ကုန်မြို့တွင်း ဘတ်စ်ကားနဲ့ ခရီးသွားရတဲ့ ပြည် သူတွေ အဆင်ပြေ စေဖို့ ဘာတွေလုပ်ကိုင်ပေးနိုင်မလဲ ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

အားလုံးသိကြပြီး ဖြစ်တဲ့အတိုင်း သိပ်မကြာသေးခင် နှစ်တွေအထိ ရန်ကုန်ဘတ်စ်ကားခ ကို ခရီးစဉ် တစ်ပိုင်း အနိမ့်ဆုံး ကျပ် ၅၀ သတ်မှတ်ထားတာ ဖြစ်ပါတယ်။ နောက်ပိုင်း ပြေးဆွဲတဲ့ ဘတ်စ် ကားလိုင်း တချို့ကတော့ ကားကောင်းကောင်းနဲ့ ဆွဲမယ်၊ ထိုင်ခုံ အပြည့်ပဲ လူတင်မယ်၊ အဲကွန်းဖွင့်ပေးမယ်၊ ဝန်ဆောင်မှု ကောင်းကောင်းပေးမယ်ဆိုပြီး အစိုးရနဲ့ မထသအဖွဲ့ကိုတင်ပြ၊ ခွင့်ပြုချက် ရပြီးနောက်ကားပေါ် တက်တာနဲ့ ကျပ် ၂၀၀ ကောက်ခံတဲ့ နှုန်းနဲ့ ပြေးဆွဲကြပါတယ်။ အဲဒီနောက်ပိုင်း ဘတ်စ်ကားလိုင်း ဝင်ရောက်ပြေးဆွဲမယ့် ကုမ္ပဏီတွေက သူတို့လည်း ကားကောင်း ကောင်းနဲ့ ဆွဲမယ်၊ ထိုင်ခုံအပြည့်ပဲတင် မယ်၊အဲကွန်းဖွင့်မောင်းမယ်၊ ဝန်ဆောင်မှုကောင်းကောင်းပေးမယ်၊ သူတို့ကို လည်းကားပေါ်တက်တာနဲ့ ကျပ်၂၀၀ နှုန်း ကောက်ခံခွင့်ပေးပါ ဆိုပြီး မထသ ဆီတင်ပြတာမျိုး ရှိခဲ့ပါတယ်။ မထသကအကြောင်း အမျိုးမျိုးပြပြီး ခွင့်ပြုချင်သူတွေကို ခွင့်ပြုခဲ့သ လို ခွင့်မပြုချင်သူ တွေကိုလည်း ခွင့်မပြုခဲ့ပါဘူး။ နောက်ပိုင်း တချို့ကားလိုင်းတွေကိုတော့ ကြားချပြီး ကားပေါ်တက် တာနဲ့ ကျပ် ၁၀၀ နှုန်း ကောက်ခံဖို့ ခွင့်ပြုပေးခဲ့ ပါတယ်။ ဒါက မထသ က လုပ် ကိုင်ဆောင်ရွက်ခဲ့တဲ့ အပိုင်းတွေပါ။

တကယ့်တကယ် ပြည်သူတွေ နေ့စဉ် ကြုံတွေ့နေရတာတွေကတော့ မထသ က အမျိုးမျိုး လုပ်သလို အမျိုးမျိုးသော ဝန်ဆောင်မှုကို မရကြပါဘူး။ ဒီကနေ့ လက်တွေ့အခြေအနေ ခရီးစဉ် တစ် ပိုင်း ကျပ် ၅၀ သတ်မှတ်ပေးထားတာကို ကျပ် ၅၀ ပဲ ပေးပြီး စီးရတဲ့ ဘတ်စ်ကား မရှိသ လောက်ဖြစ် သွားပါပြီ။ အဲဒီကားတွေ အနည်းဆုံး ကျပ် ၁၀၀ တောင်းပါတယ်။ အထူးယာဉ် ဆိုပြီး တက်တာနဲ့ ကျပ် ၂၀၀ ပေးရတဲ့ ဘတ်စ်ကား အများစုကြီးကလည်း အထူးလိုင်းဆိုတဲ့ နာမည်နဲ့ မထိုက်တန်အောင် စုတ် ပြတ်သတ်နေတဲ့ ကားတွေ ဖြစ်နေပါပြီ။ နောက်မှ ဝင်လာပြီး ကားပေါ် တက်တာနဲ့ ကျပ် ၁၀၀ ပေးရတဲ့ ကားတွေ ကတော့ နည်းနည်း သက်သာပါတယ်။ ဝန်ဆောင်မှုက တော့ ကားလိုင်းအားလုံး အရင်တုန်း က အတိုင်းပါပဲ။

ပြည်သူတွေ အနေနဲ့ ဘတ်စ်ကားလိုင်းတွေကို အခုထက်ပို အဆင်ပြေပြေ အသုံးပြုနိုင်ဖို့ ဆိုရင် ရန်ကုန်တိုင်း အစိုးရနဲ့ မထသ ဟာ ယာဉ်စီးခကို ပြန်သတ်မှတ်လိုက်ရုံနဲ့တော့ ထူးပြီး ကောင်းမွန်လာ မှာ မဟုတ်ပါဘူး။ လက်ရှိယာဉ်ကြော ကြပ်တည်းမှု ဖြစ်ပေါ်နေတဲ့ အခြေအနေ အပါအဝင် ပြဿနာ အားလုံးကို တွက်ချင့်ပြီး ယာဉ်လိုင်းတွေကို ပြန်ပြီး နေရာချတာ၊ ဘတ်စ်ကား တွေကို ပိုင်ရှင်တစ် ယောက် တစ်စီးချင်း ပြေးဆွဲနေတဲ့ အနေအထားကနေ စုပေါင်းယာဉ်လိုင်းဖွဲ့ ပြေးဆွဲစေတာ၊ ယာဉ်ကြံ့ ခိုင်မှုတွေကို အသေအချာ စစ်ဆေးကြပ်မတ်တာ၊ စည်းကမ်းလိုက်နာ အောင် ထိန်းကျောင်းတာ အား လုံးပြန်ပြီး လုပ်ကိုင်ဖို့ လိုပါတယ်။

လက်ရှိ ရန်ကုန်မြို့လယ်ခေါင်မှာ ဖြစ်နေတဲ့ အခြေအနေတချို့ကို ကြည့်ရင် ယာဉ်လိုင်းတွေ ဘာကြောင့် စနစ်တကျ ပြန်သတ်မှတ်ဖို့ လိုမလဲဆိုတာ တွေ့နိုင်မှာပါ။ ဥပမာ ဗိုလ်အောင် ကျော်လမ်း ကနေ အစပြုပြီး အနော်ရထာလမ်းတစ်လျှောက် ဘတ်စ်ကား လိုင်းကြောအတွင်းမှာ ဘတ်စ်ကား လိုင်းပေါင်းများစွာ ရထားတွဲရှည်ကြီးလို ဖြစ်နေတာကို ကြည့်ရင် သိနိုင်ပါတယ်။ ကားလိုင်းပေါင်း များစွာ ဒီမြို့ လယ် အနော်ရထာလမ်းကို ဖြတ်တဲ့ ယာဉ်ကြောခရီးစဉ် ဆွဲထားတာ ကိုကြည့်ရင် ဘယ် လောက် စနစ်မကျဘူးလဲ ဆိုတာ ခန့်မှန်းနိုင်ပါတယ်။

နောက်ထပ်ပြဿနာ တစ်ခုက ဘတ်စ်ကားရဲ့ ကောင်းမွန်မှု အခြေအနေကို လိုက်ပြီး ဈေးနှုန်း သတ်မှတ်ထားတဲ့ ကိစ္စပါ။ လက်ရှိ ကားပေါ်တက်တာနဲ့ ကျပ် ၂၀၀ ယူတဲ့ ယာဉ်လိုင်းက ဘတ်စ်ကား အများစုဟာ အတော်အခြေအနေဆိုးတဲ့ အနေအထား ရောက်နေတာ တွေ့မြင်နေ ရပါတယ်။ ပြောရ ရင် ဒီပြဿနာကို ရှင်းဖို့ဟာ မထသရဲ့ တာဝန်ပါ။အဲလို ကျပ် ၂၀၀၊ အထူးကား အဖြစ် စံချိန်စံညွှန်း သတ်မှတ်ဖို့ မသင့်တဲ့ ကားတွေကိုအထူးကားအဖြစ် ပြေးဆွဲခွင့်ပြုပြီး အထူးဈေးနှုန်း ကောက်ယူ ခွင့်ပြုတာဟာ ခရီးသွားပြည်သူတွေကိုခေါင်းပုံဖြတ်ဖို့ ခွင့်ပြုနေတာနဲ့ အတူ တူပါပဲ။ တကယ်လို့ မထ သ ကသာ တိတိကျကျ အရေး ယူမယ်ဆိုရင် အဲလို စံချိန်စံညွှန်း မမီတဲ့ ကားတွေ နေရာမှာ တခြား ပြေးဆွဲချင်သူတွေ အများကြီး တန်းစီနေကြပါတယ်။ သူတို့တွေ ပြေးဆွဲ ကြပါလိမ့်မယ်။

ထိုင်ခုံအပြည့်ပဲတင်တဲ့ ဘတ်စ်ကားတွေမှာ မတ်တတ်ခရီးသည်တွေ ကြပ်ညပ်နေအောင် တင် တာကို ကန့်သတ်နိုင်တဲ့ အကောင်းဆုံး နည်းတစ်နည်း ရှိပါတယ်။ အဲဒါကတော့ မတ်တတ်ရပ် ခရီး သည်တွေ ကိုယာဉ်စီးခလျှော့ချကောက်ခံဖို့ သတ်မှတ်ပေးလိုက်တာပါ။ ကျပ် ၂၀၀ ယာဉ်လိုင်း မှာ မတ်တတ်ခရီးသည် တင်တာနဲ့ ကျပ် ၁၀၀ ပဲ ယူရမယ်ဆိုရင် ဘတ်စ်ကား စပယ်ယာနဲ့ ဒရိုင်ဘာ တချို့ ရဲ့လောဘဇော တက်တာကို ကန့်သတ်ပြီး ဖြစ်စေပါလိမ့်မယ်။

တကယ်တော့ ယာဉ်လိုင်းတွေကို စည်းကမ်းကြပ်မတ်ဖို့၊ စည်းကမ်း မလိုက်နာတဲ့ ယာဉ်လိုင်း တွေကို အရေးယူဖို့ မထသ မှာ အခွင့်အရေး ရှိပြီးသားပါ။ ကားခဈေးနှုန်းတွေကို ထင်သာ မြင်သာ ဖြစ်အောင် ကပ်ထားရမယ်၊ တိုင်ကြားရမယ့် ဖုန်းနံပါတ်တွေကို ထင်သာမြင်သာ ကပ်ထားရ မယ်၊ ယာဉ်မောင်း ယာဉ်နောက်လိုက် နာမည်တွေကို ခရီးသည်တွေမြင်အောင် ကပ်ထားရမယ်၊ ယာဉ်မောင်း၊ ယာဉ်နောက် လိုက်တွေ သင့်တော်တဲ့ ဝတ်စုံ ဝတ်ဆင်ပြီးမှ ဝန်ဆောင်မှု ပေးရမယ် ဆိုတာ အရင်ကတည်းက ရှိပြီးသား စည်းကမ်းအဟောင်းတွေပါ။ ဒါတွေကို လိုက်နာအောင် ကြီး ကြပ်ရမယ့် တာဝန်ဟာ မထသ တာဝန်ဖြစ်ပြီးစည်းပျက်ကမ်းပျက်တွေ ဖြစ်လာရင်လည်း အဓိက တာဝန်ရှိသူဟာ မထသ တာဝန်ရှိသူတွေပဲဖြစ်ပါတယ်။ လက်ရှိ ဘတ်စ်ကားလိုင်းတွေနဲ့ ပတ် သက်ပြီး ဖြစ်ပျက်နေတဲ့ပြဿနာ အားလုံး အတွက် အဓိက တာဝန်ရှိသူဟာ ရန်ကုန်တိုင်း အစိုးရနဲ့ မထသ အဖွဲ့ပဲ ဖြစ်ပါတယ်။ အာဏာပိုင်တွေ လုပ်သမျှ ခံနေရတဲ့ ဘတ်စ်ကား ဒရိုင်ဘာတွေနဲ့ စပယ်ယာတွေကိုပဲ အပြစ်ပုံချနေလို့ ကတော့ ရန်ကုန်မြို့တွင်း ခရီးသည် ပို့ဆောင်ရေး ပြဿနာ မပြေလည်နိုင်ပါကြောင်း သုံးသပ်တင်ပြ လိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags