အိန္ဒိယအကြမ်းဖက်တိုက်ခိုက်ခံရမှု ၀မ်းနည်းကြောင်းသဝဏ်လွှာ ဒေါ်အောင်ဆန်းစုကြည် ပေးပို့

အိန္ဒိယအကြမ်းဖက်တိုက်ခိုက်ခံရမှု ၀မ်းနည်းကြောင်းသဝဏ်လွှာ ဒေါ်အောင်ဆန်းစုကြည် ပေးပို့

ဇူလိုင် ၁၄ ။                ။ အိန္ဒိယနိုင်ငံမှာ ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်နေ့က ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်ခံရမှုဖြစ်စဉ်အတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်   ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီထံကို ပေးပို့ခဲ့တယ်လို့ နယူးဒေလီအစိုးရက ပြောပါတယ်။

အဆိုပါ အကြမ်းဖက်ခံရမှုဖြစ်စဉ်မှာ ဟိန္ဒူဘုရားဖူး ခုနစ်ဦး သေဆုံးခဲ့ပြီး ယင်းအပေါ် ဝမ်းနည်းကြောင်းနှင့် ယင်းကဲ့သို့ အကြမ်းဖက်မှုလုပ်ရပ်မျိုးကို ရှုတ်ချကြောင်း ဒေါ်အောင်ဆန်းစုကြည်က   ရေးသားပေးပို့ခဲ့တယ်လို့ သိရပါတယ်။

အလားတူ အခြားသော နိုင်ငံခေါင်းဆောင်အများစုကလည်း အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်အပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း အသီးသီး ထုတ်ပြန်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်က အိန္ဒိယနိုင်ငံ Jammu & Kashmir ပြည်နယ်ရဲ့ Anantnag ဒေသမှာ Amarnath ဟိန္ဒူဘုရားကျောင်းကို သွားရောက်ဖူးမြှော်ခဲ့တဲ့ ဘုရားဖူးယာဉ်တစ်စီး အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရလို့  ခုနစ်ဦး သေဆုံးပြီး အခြား ၁၁ ဦးလည်း ထိခိုက်ဒဏ်ရာရရှိသွားခဲ့တာဖြစ်ပါတယ်။

ယင်းတိုက်ခိုက်မှုမှာတော့ ပါကစ္စတန်နိုင်ငံသားနှစ်ဦးအပါအဝင် အကြမ်းဖက်သမားလေးဦးတို့ ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly