မြေထဲပင်လယ်အလယ်ပိုင်းတွင် ၂၄နာရီအတွင်း ရွှေ့ပြောင်းနေထိုင်သူ ၄ထောင်ကျော်အားကယ်ဆယ်

မြေထဲပင်လယ်အလယ်ပိုင်းတွင် ၂၄နာရီအတွင်း ရွှေ့ပြောင်းနေထိုင်သူ ၄ထောင်ကျော်အားကယ်ဆယ်

ရောမ၊ ဇူလိုင် ၁၄ ။             ။ လွန်ခဲ့သော ၂၄နာရီအတွင်း မြေထဲပင်လယ်အလယ်ပိုင်းတွင် ရွှေ့ပြောင်းနေထိုင်သူ ၄၁၀၀ ခန့်ကို ကယ်ဆယ်ခဲ့ ရပြီး ယခုနှစ်အစပိုင်းမှစတင်၍ အီတလီနိုင်ငံမှ ကယ်ဆယ်ထားရသည့် ရွှေ့ပြောင်းနေထိုင်သူ အရေအတွက် ၉၀၀၀၀ အထိမြင့်တက်လာပြီဖြစ်ကြောင်း ကယ်ဆယ်ရေးအဖွဲ့အစည်းက ကြာသာပတေးနေ့တွင် ပြောခဲ့သည်။

ကယ်ဆယ်ရေးလုပ်ငန်းများကို မနက်စောစောတွင် အီတလီစစ်မှုထမ်းများက ဥရောပသမဂ္ဂအဖွဲ့မှ လှေများနှင့် အဆိုပါနေရာဒေသအတွင်းရှိ အဲန်ဂျီအိုအဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းကာ အကြိမ် ၂၀ခန့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း အီတလီကမ်းခြေစောင့်တပ်ဖွဲ့က ပြောခဲ့သည်။

ယခုလိုကယ်ဆယ်မှုကြောင့် ယခုနှစ်အတွင်း အီတလီဆိပ်ကမ်းများသို့ ဝင်ရောက်လာသည့် ရွှေ့ပြောင်းနေထိုင် သူဦးရေမှာ ၉သောင်းကျော်ခန့် ရှိလာပြီဖြစ်ပြီး တစ်နှစ်ထက်တစ်နှစ် ၂၀ရာခိုင်နှုန်းခန့်   မြင့်တက်လာခြင်းဖြစ် ကြောင်း အီတလီပြည်ထဲရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

ဒါ့အပြင် ၂၀၁၇အတွင်း ရွှေ့ပြောင်းနေထိုင်သူ ၂၀၀၀၀၀ ကျော်ခန့် အီတလီနိုင်ငံထဲသို့ ဝင်ရောက်လာနိုင်ပြီး ပြီးခဲ့သောနှစ်က အီတလီမြေထဲသို့ ရောက်ရှိလာသည့် ရွှေ့ပြောင်းနေထိုင်သူဦးရေ ၁၈၀၀၀၀ ခန့်ကို ကျော်လွန် သွားနိုင်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောခဲ့သည်။

အခြားဥရောပအဖွဲ့ဝင်နိုင်ငံများသည် ရွှေ့ပြောင်းနေထိုင်သူများ ဝင်ရောက်လာမှုကို ငြင်းဆန်တားမြစ်ထားသော ကြောင့် အီတလီနိုင်ငံသည် ဥရောပအတွင်းသို့ အလုံးလိုက်အရင်းလိုက်   ရွှေ့ပြောင်းနေထိုင်မှုကို စိတ်မသက် မသာနှင့် သီးခြားတာဝန်ယူနေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly