ကမ္ဘာ့စျေးအကြီးဆုံးနောက်ခံလူ ဖြစ်လာတော့မည့် ကိုင်လီဝေါ်လ်ကာ

ကမ္ဘာ့စျေးအကြီးဆုံးနောက်ခံလူ ဖြစ်လာတော့မည့် ကိုင်လီဝေါ်လ်ကာ

ဇူလိုင် ၁၄၊ အင်္ဂလန် ။             ။ စပါးနောက်ခံလူ ကိုင်လီဝေါ်လ်ကာသည် ယနေ့(သောကြာနေ့)တွင် မန်စီးတီးအသင်းသို့ရောက်ရှိတော့မည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က မန်စီးတီးအသင်းသည် ဝေါ်လ်ကာကို ပြောင်းရွှေ့ကြေးပေါင်သန်း ၅၀ ဖြင့် ခေါ်ယူရန် စပါးအသင်းနှင့် သဘောတူညီမှု ရရှိခဲ့သည်ဟု ဗြိတိန်နာမည်ကြီးသတင်းစာများက ဖော်ပြခဲ့ကြသည်။ ထို့ကြောင့် ဝေါ်လ်ကာသည် ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံးနောက်ခံကစားသမား ဖြစ်လာတော့မည် ဖြစ်သည်။

မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် ပြီးခဲ့သည့်ရာသီအပြီးတွင် ဇာဘလက်တာနှင့်ဆက်ဂ်နာတို့အပါအဝင် နောက်ခံအစွန်လူသုံးဦးကို အသင်းက ထွက်ခွာခွင့်ပြုခဲ့သည်။ ထို့ကြောင့် ယခုနှစ်တွင် ထိုနေရာအတွက် ကစားသမားသစ်များ ခေါ်ယူရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။

ဝေါ်လ်ကာသည် စပါးအသင်းနှင့်အတူ ပရီးမီးယားလိဂ်ပွဲပေါင်း ၁၈၃ ပွဲပါဝင်ကစားခဲ့ပြီး အင်္ဂလန်အသင်းအတွက် ၂၇ ပွဲ ကစားပေးထားသည်။ ယနေ့တွင် ဝေါ်လ်ကာသည် မန်စီးတီး၌ ဆေးစစ်မှုခံယူပြီး စာချုပ်ချုပ်ဆိုမည်ဟု သတင်းများထွက်ပေါ်လျက်ရှိသည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly