မာဆေးလ်အသင်းကို အယ်ဒဲလ် ရာမီ ပြောင်းရွှေ့ကြောင်း ဆီဗီလာအသင်း အတည်ပြု

မာဆေးလ်အသင်းကို အယ်ဒဲလ် ရာမီ ပြောင်းရွှေ့ကြောင်း ဆီဗီလာအသင်း အတည်ပြု
(ဓာတ်ပုံ - မာဆေးလ်)

ပြင်သစ်နောက်ခံလူ အယ်ဒဲလ် ရာမီကို မာဆေးလ်အသင်းက ၄ နှစ် စာချုပ်ဖြင့် ခေါ်ယူခဲ့ပြီဖြစ်ကြောင်း စပိန်ဘောလုံးကလပ် ဆီဗီလာက ကြာသပတေးနေ့က အတည်ပြုခဲ့ပါတယ်။

ဆီဗီလာအသင်းမှာ ၆ ရာသီ စာချုပ်ခဲ့ပြီးနောက် လီဂူ ၁ ကို ပြန်ရောက်သွားတဲ့ ရာမီရဲ့ ပြောင်းရွှေ့ကြေးကို ဆီဗီလာက အသေးစိတ် ဖော်ပြထားတာမရှိပေမယ့် ပြင်သစ်ကလပ်ဟာ ယူရို ၆ သန်းနီးပါး ပေးချေရတယ်လို့ မီဒီယာတွေက ဆိုပါတယ်။

၂၀၁၅ ခုနှစ်က ဆီဗီလာအသင်းကို ရောက်ရှိလာတဲ့ မီလန်အသင်းမှ ဗလင်စီယာနောက်ခံကစားသမားဟာ အသင်းအတွက် ပွဲပေါင်း ၇၉ မှာ မိနစ် ၇,၀၀၀ နီးပါး ကစားပြီး ၃ ဂိုး သွင်းယူခဲ့ပါတယ်။

အသက် ၃၁ နှစ်အရွယ် ကစားသမားဟာ ဆီဗီလာနဲ့အတူ ယူရိုပါလိဂ်ဆွတ်ခူးနိုင်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ စပိန်ဖလား ဗိုလ်လုပွဲ တက်ရောက်ခဲ့ပြီး ဘာစီလိုနာကို ၂-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

ပြင်သစ် လီဂူ ၁ ရဲ့ လိုင်လီအသင်းမှာ ၂၀၀၆-၂၀၁၁ အထိ ကစားခဲ့တဲ့ ရာမီကို ဆီဗီလာအသင်းက မိမိတို့ အသင်းပေါ် ပေးဆပ်ခဲ့မှုတွေအတွက် ကျေးဇူးတင်ကြောင်းနှင့် အသင်းသစ်မှာ ကံကောင်းပါစေလို့ သူ့ကို ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။

(EFE_EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags