ဘာစီလိုနာအသင်း ဘင်ဖီကာနောက်ခံလူ စီမီဒိုကို ခေါ်ယူရန် သဘောတူညီမှုရ

ဘာစီလိုနာအသင်း ဘင်ဖီကာနောက်ခံလူ စီမီဒိုကို ခေါ်ယူရန် သဘောတူညီမှုရ
ဘင်ဖီကာနောက်ခံလူ နယ်လ်ဆင် စီမီဒို (ဝဲ) (ဓာတ်ပုံ - အီးပီအေ)

ဘာစီလိုနာအသင်းဟာ ဘင်ဖီကာနောက်ခံလူ နယ်လ်ဆင် စီမီဒိုကို သတင်းဖော်ပြချက်များအရ ယူရို ၃၅ သန်း (ပေါင် ၃၀.၈ သန်း) နဲ့ ခေါ်ယူဖို့အတွက် သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။

အသက် ၂၃ နှစ်အရွယ် ပေါ်တူဂီညာနောက်ခံလူဟာ နိုင်ငံအသင်းအတွက် ၆ ပွဲကစားထားပြီး ကနေ့ သောကြာနေ့မှာ ဘာစီလိုနာမှာ ဆေးစစ်ခံယူမှာဖြစ်ပါတယ်။

စီမီဒိုဟာ ပေါ်တူဂီကလပ် စင်ထရက် (Sintrense)အသင်းမှ ဘင်ဖီကာကို ၂၀၁၂ ခုနှစ်က ရောက်ရှိခဲ့ပြီး အသင်းအတွက် ၆၃ ပွဲကစားခဲ့ပါတယ်။

သူဟာ တိုက်ကြီးများဖလား (ကွန်ဖက်ဒရေးရှင်း ဖလား) ပြိုင်ပွဲမှာ ပေါ်တူဂီအသင်းရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ်ပါဝင်ခဲ့ပြီး မက္ကစီကိုနဲ့ တတိယနေရာလုပွဲမှာ စီမီဒိုဟာ ပြိုင်ဘက်ကစားသမားကို ကြမ်းတမ်းစွာ ကစားခဲ့တာကြောင့် နှစ်ဝါ တစ်နီနဲ့ ကွင်းအတွင်းကနေ ထွက်ခွာခဲ့ရပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly