နိုဘယ်ဆုရှင် လျူရှောက်ဘို တိမ်းပါးသွားပြီဖြစ်ကြောင်း တရုတ်အစိုးရ ကြေညာ

နိုဘယ်ဆုရှင် လျူရှောက်ဘို တိမ်းပါးသွားပြီဖြစ်ကြောင်း တရုတ်အစိုးရ ကြေညာ

ပေကျင်း၊ ဇူလိုင် ၁၃ ။           ။ တရုတ်နိုင်ငံတွင် လူအခွင့်အရေးနှင့် ဒီမိုကရေစီအရေး လှုပ်ရှားသူ နိုဘယ်ဆုရှင် လျူရှောက်ဘိုသည် အသက် ၆၁ နှစ်တွင် ဆုံးပါးပြီဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

လျူရှောက်ဘိုသည် တရုတ်အရှေ့မြောက်ပိုင်းက ဆေးရုံတွင် နောက်ဆုံးအဆင့်အသည်းကင်ဆာရောဂါအတွက် ကုသမှုခံနေဆဲ တိမ်းပါးခြင်းဖြစ်သည်။

၎င်းကို နိုင်ငံတော်သစ္စာဖောက်မှုဖြင့် ထောင်ဒဏ် ၁၁ နှစ်ချမှတ်ထားရာမှ ပြီးခဲ့သည့်လကမျှ ဆေးရုံတင်ထား ကုသနေခဲ့ခြင်းဖြစ်သည်။

တက္ကသိုလ်ပါမောက္ခတစ်ဦးအဖြစ်မှ လူ့အခွင့်အရေး လှုပ်ရှားလာခဲ့သူ လျူရှောက်ဘိုအား အာဏာပိုင်များက ရာဇဝတ်သားတစ်ဦးအဖြစ် သတ်မှတ်ထားခြင်း ခံခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags