SEX EDUCATION ကို ကျောင်းတွေမှာ သင်ပေးသင့်ပြီလား

SEX EDUCATION ကို ကျောင်းတွေမှာ သင်ပေးသင့်ပြီလား

မင်္ဂလာပါ YOPE သူငယ်ချင်းတို့ရေ။

ကျွန်တော်တု့ိနိုင်ငံမှာ Sex Education နဲ့ ပတ်သက်ပြီးတော့ ကျောင်းသားလူငယ် ကလေးအရွယ်တွေကို သင်ပေးသင့်သလား မသင်ပေးသင့်ဘူးလား ဆိုတာကို အငြင်းပွားနေဆဲ ဖြစ်ပါတယ်။

ဒီတော့ ဒီကလေးငယ်တွေကို Sex Education သင်ပေးသင့်သလား မသင်ပေးသင့်ဘူးလား ဆိုတာကို ကျွန်တော်တု့ိ ကျောင်းသားမိဘတွေနဲ့ ဆရာသမားတွေကို လိုက်လံမေးမြန်းကြည့်လိုက်ပါဦးမယ်ခင်ဗျ။

ကျမက ၈ တန်းကျောင်းသား မိခင်တစ်ယောက်ပါ။ လိင်ပညာရေးနဲ့ ပတ်သက်တဲ့ ကိစ္စကိုတော့ အခုချိန်မှာ မသင်သင့်သေးဘူးလို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ အချိန်တန်လို့ရှိရင် ဒီကိစ္စကို သိရှိသွားမှာဖြစ်ပါတယ်။

 

 

 

ကျမက ၈ တန်းကျောင်းသူတစ်ဦးရဲ့ မိခင်တစ်ဦး ဖြစ်ပါတယ်။ ၈ တန်းအရွယ်မှာ ဒီ Sex နဲ့ ပတ်သက်တဲ့ ပညာပေး အတိုင်းအတာတစ်ခုအထိတော့ သင်သင့်တယ်လို့ ထင်ပါတယ်။ ဒီ Sex နဲ့ ပတ်သက်ပြီးတော့ သူတို့ နည်းနည်းပါးပါး သိထားတဲ့အတွက် သူတို့ ကာကွယ်သင့်တာတွေ သိသင့်တာတွေကို သူတို့ ကာကွယ်နိုင်မယ် သိနိုင်မယ် အဲဒီအတွက် သိသင့်တယ် သင်သင့်တယ်လို့ ထင်ပါတယ်။

 

 

 

၆ တန်း ကျောင်းသားရဲ့ မိဘတစ်ယောက် ဖြစ်ပါတယ်။ ကလေးတွေကို လိင်ပညာပေးနဲ့ ပတ်သက်လို့ သင် သင့်တယ်။ ဒါပေမယ့် အရွယ်ပိုင်းနဲ့ လေးငါး ရှစ်တန်းလောက်ဆိုရင်တော့ သင် သင့်ပါတယ်။

 

 

 

မူလတန်းကျောင်းသူရဲ့ အမေပါ။ ဒါပေမယ့် ကလေးက မူလတန်းအရွယ်ဆိုတော့ ငယ်သေးတယ်။ ငယ်သေးတော့ ဒီကိစ္စတွေက မသင် သင့်သေးဘူး။ ဒါပေမယ့် သူ့အတိုင်းအတာလေးနဲ့တော့ နည်းနည်းတော့ သင် သင့်တယ် အများကြီးတော့ မသင်နဲ့ တော်ရုံတန်ရုံ သူ့အသက်အရွယ်နဲ့ လိုက်မယ့်ဟာလေးတွေတော့ သင်ပေးပါ။ 

 

 

 

သင် သင့်တယ်လို့တော့ ထင်ပါတယ်။ အလယ်တန်းအဆင့်လောက်မှာပေါ့။ ဒါပေမယ့် ဘယ်လိုပြောမလဲ ဒီကိစ္စကို သင်တဲ့အခါမှာ ကလေးတွေရဲ့ ဗဟုသုတတွေ အခြေအနေတွေကတော့ ရှိသေးတဲ့အတွက်ကြောင့်မို့ ဆရာတစ်ယောက်အနေနဲ့ သင်ဖို့တော့ နည်းနည်းခက်ခဲမယ်။ အဲဒီအတွက် ကျွန်တော်တို့ အချိန် နည်းနည်းပေးရမယ်။ ဒါမှမဟုတ် ကလေးတွေရော မိဘတွေရောရဲ့ ဗဟုသုတပိုင်းဆိုင်ရာတွေ နည်းနည်းလေး ပြီးပြည့်စုံမှ သင်မှ အဆင်ပြေမယ်လို့တော့ ထင်ပါတယ်။

 

 

ကဲကျောင်းသားမိဘနဲ့ ဆရာသမားတွေကတော့ သူတို့ရဲ့အမြင်ကို ပြောပြသွားခဲ့ပြီ ဖြစ်ပါတယ်။ သူငယ်ချင်းတို့ကလည်း သူငယ်ချင်းတို့ရဲ့အမြင်ကို ပြောပြချင်တယ်ဆိုရင် ကျွန်တေ်ာတို့ရဲ့ YOPE Facebook နဲ့ YOPE Website မှာ လာပြီးတော့ Share ခဲ့ပေးပါဦးခင်ဗျ။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly