ဘာလင်လုယက်မှု၏ တရားခံ၄ဦးကို ဖမ်းဆီးမိသော်လည်း ၁၀၀ ကီလိုဂရမ်ရှိ ရွှေဒင်္ဂါးပြားကြီး ပျောက်ဆုံးနေ ဆဲဖြစ်

ဘာလင်လုယက်မှု၏ တရားခံ၄ဦးကို ဖမ်းဆီးမိသော်လည်း ၁၀၀ ကီလိုဂရမ်ရှိ ရွှေဒင်္ဂါးပြားကြီး ပျောက်ဆုံးနေ ဆဲဖြစ်

ဇူလိုင် ၁၃ ။               ။ ယခုနှစ်အစောပိုင်းက ဘာလင်ပြတိုက်ထဲမှ အလေးချိန်ကီလိုဂရမ် ၁၀၀ခန့်ရှိသော ရွှေဒင်္ဂါးပြားကြီးကို ခိုးယူခဲ့ကြ သော အာရပ်ရာဇဝတ်ဂိုဏ်းအဖွဲ့နှင့် ဆက်သွယ်နေသည့် သံသယရှိရသူ ၄ ဦးကို ဂျာမန်ရဲတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့ တွင် ဖမ်းဆီးနိုင်ခဲ့သည်။

သို့သော်လည်း ရဲတပ်ဖွဲ့သည် ခိုးရာပါပစ္စည်းဖြစ်သော ကနေဒါနိုင်ငံ၏အလံတွင်ပါသည့် မေပယ်သစ်ရွက်ကို ရိုက်နှိပ်ထားသည့် ရွှေဒင်္ဂါးပြားကြီးအား ရှာတွေ့ခဲ့ခြင်းမရှိကြောင်း သိရသည်။ ထိုရွှေဒင်္ဂါးပြားကြီး၏ တန်ဖိုးရင်း မှာ ကနေဒါဒေါ်လာတစ်သန်းခန့် တန်ကြေးရှိပြီး ရွှေဈေးကွက်တွင် ခန့်မှန်းဈေး ယူရို ၃.၇၅ သန်းအထိ တန်ကြေးရှိကြောင်း သိရသည်။

လွန်ခဲ့သောမတ်လ ၂၇ရက်နေ့ ညအချိန်တွင် ခိုးယူခံခဲ့ရသော ရွှေဒင်္ဂါးပြားကြီးကို အစိတ်စိတ်အပိုင်းပိုင်း ဖြတ်ပီး ရောင်းချခြင်း သို့မဟုတ် နိုင်ငံရပ်ခြားသို့ တိတ်တဆိတ်ရောင်းချလိုက်မည်ကို ဘာလင်ရဲတပ်ဖွဲ့က စိုးရိမ်နေကြ သည်။

“ကံမကောင်းစွာနဲ့ပဲ ဒီရွှေဒင်္ဂါးပြားကြီးကို အစိတ်စိတ်ပိုင်းပြီး ရောင်းလိုက်တာမျိုး သို့မဟုတ် တစ်ခုလုံးကို ရောင်းချလိုက်တာမျိုး ဖြစ်မယ်လို့ ယူဆရပါတယ်” ဟု ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

“ရွှေဒင်္ဂါးပြားကြီးရဲ့ တစ်စိတ်တစ်ပိုင်းလေးကိုတောင်မှ ပြန်လည်ရှာတွေ့နိုင်မယ်လို့ ကျနော်တို့မျှော်လင့်ထားခဲ့ သမျှဟာ အချည်းအနှီးပါပဲ” ဟု သူက ဆက်ပြောခဲ့သည်။

ယခုဖမ်းဆီးမှုအတွင်း ဘာလင်မြို့ရှိ Neukoelln အရပ်ဒေသအတွင်းရှိ ကျောက်မျက်ရတနာဆိုင်များ၊ နေရာ ၁၄နေရာရှိ တိုက်ခန်းများနှင့် ဘရန်ဒန်ဘာ့ဂ်ပြည်နယ်အတွင်းရှိ ပစ်မှတ်နေရာများကို ရဲအင်အား ၃၀၀ခန့်ဖြင့် စီးနင်းရှာဖွေခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly