ဘရာဇီးသမ္မတဟောင်း လူလာဒါဆေးလ်ဗားအား အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ်ချမှတ်

ဘရာဇီးသမ္မတဟောင်း လူလာဒါဆေးလ်ဗားအား အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ်ချမှတ်

ဇူလိုင် ၁၃ ။                ။ ဘရာဇီးသမ္မတဟောင်း လုဇ်အင်နာစီယိုလူလာဒါဆေးလ်ဗားအား အကျင့်ပျက်ခြစားမှုနှင့် ငွေကြေးခဝါချမှုဖြင့် ဗုဒ္ဓဟူးနေ့က ထောင်ဒဏ် ကိုးနှစ်ခွဲခန့် ပြစ်ဒဏ်ချမှတ်ခဲ့သည်။

ဘရာဇီးနိုင်ငံအား ၂၀၀၃ မှ ၂၀၁၀အထိ အုပ်ချုပ်ခဲ့သော လက်ဝဲဝါဒီလူလာအား အာဏာအလွဲသုံးစားလုပ်မှု၊ နိုင်ငံတော်ပိုင် ရေနံကုမ္ပဏီအုပ်စု Petobras ထံမှ မသမာကြေးလျှို့ဝှက်စွာ ယူငင်ခဲ့မှုတို့ဖြင့် ယခုလိုပြစ်ဒဏ် ချမှတ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

ယခုအမှုကိုကြားနာခဲ့သော တရားသူကြီးက လူလာသည် ယခုပြစ်ဒဏ်အား အယူခံဝင်ရန် ဆိုင်ငံ့ခံထားရခြင်း မရှိကြောင်း ပြောခဲ့သည်။

နိုင်ငံရေးနှင့် စီးပွားရေးတို့တွင် မသေချာမရေရာခြင်းများကို နှစ်ပေါင်းများစွာကြာမြင့်အောင် ကြုံတွေ့နေရသည့် ဘရာဇီးနိုင်ငံအတွင်း လာမည့် ၂၀၁၈ အောက်တိုဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင် ကာ နိုင်ငံရေးလောကထဲသို့ တကျော့ပြန်ဝင်ရောက်ရန် စီစဉ်ထားသောလူလာအား ယခုလိုပြစ်ဒဏ်ချမှတ်မှု သည် သူ၏အကြံအစည်ကို တမင်တကာ ဖျက်ပစ်လိုက်သည့် သဘောဆောင်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly