အနောက်ဖက်ကမ်းက ဒုက္ခသည်စခန်းတွင် အစ္စရေးစစ်သားများနှင့် ထိပ်တိုက်တွေ့ကာ ပါလက်စတိုင်းနှစ်ဦး ပစ်သတ်ခံရ

အနောက်ဖက်ကမ်းက ဒုက္ခသည်စခန်းတွင် အစ္စရေးစစ်သားများနှင့် ထိပ်တိုက်တွေ့ကာ ပါလက်စတိုင်းနှစ်ဦး ပစ်သတ်ခံရ

ဂျေရုဆလင်၊ ဇူလိုင် ၁၃ ။               ။ အနောက်ဖက်ကမ်း မြောက်ပိုင်းတွင် ရှိသော ဂျီနင်း ဒုက္ခသည်စခန်းတွင် အစ္စရေးစစ်သားများနှင့် ထိပ်တိုက်တွေ့မှုအတွင်း ပါလက်စတိုင်းနှစ်ဦး ပစ်သတ်ခံရကာ အခြားတစ်ဦး ဒဏ်ရာရကြောင်း ပါလက်စတိုင်း သတင်းဌာန ဝါဇာက ဇူလိုင် ၁၂ ရက်တွင် ဖော်ပြသည်။

ဒုက္ခသည်စခန်းတွင် ညပိုင်းက အစ္စရေးစစ်သားများကို ပါလက်စတိုင်းတိုက်ခိုက်သူများက သေနတ်ဖြင့် ပစ်ခြင်း၊ ဖောက်ခွဲခြင်းများလုပ်ဆောင်ရာမှ ယခုကဲ့သို့ ထိပ်တိုက်တွေ့မှု ဖြစ်ကြောင်း အစ္စရေးစစ်တပ် IDF က တွစ်တာတွင် ဖော်ပြသည်။

“တိုက်ခိုက်မှုကို တုံ့ပြန်ရတာဖြစ်တယ်။ တိုက်ခိုက်တဲ့သူတွေကိုပဲ ဦးတည်ပြီး ပြန်လှန်ပစ်ခတ်ခဲ့တာဖြစ်တယ်။”ဟု IDF က ဖြည့်စွက်ဆိုသည်။

သေဆုံးသူနှစ်ဦးတွင် အသက် ၂၁ နှစ်ရှိ နာဆားဆလက်ရှ်က ဦးခေါင်းထိမှန်ကာ နေရာတွင်ပင် သေဆုံးပြီး မိုဟာမက်ဆာလမ်မက်ရှက်က ဆေးရုံပေါ်တွင် သေဆုံးခြင်းဖြစ်ကြောင်း ဝါဖာသတင်းက အတည်ပြုသည်။

ထိပ်တိုက်တွေ့မှုတွင် ဒဏ်ရာရသူတစ်ဦးရှိကြောင်းကို ကျန်းမာရေးနှင့်  ဒေသတွင်း သတင်းရင်းမြစ်များက ဖော်ပြပြီး အွန်လိုင်းသတင်း ဝိုင်နက်တွင် အစ္စရေးစစ်သားများဖက်တွင် ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ကြောင်း ဖော်ပြသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly