ချယ်လ်ဆီးကွင်းလယ်လူ လော့ဖ်တက်စ်ချိ ပဲလေ့စ်အသင်းသို့ အငှားဖြင့် ပြောင်းရွှေ့

ချယ်လ်ဆီးကွင်းလယ်လူ လော့ဖ်တက်စ်ချိ ပဲလေ့စ်အသင်းသို့ အငှားဖြင့် ပြောင်းရွှေ့

ဇူလိုင် ၁၃၊ အင်္ဂလန် ။                ။ ချယ်လ်ဆီးအသင်းမှ အသက် ၂၂ နှစ်အရွယ်ရှိလူငယ်ကွင်းလယ်ကစားသမား လော့ဖ်တက်စ်ချိသည် ခရစ္စတယ်ပဲလေ့စ်အသင်းသို့ တစ်ရာသီအငှားစာချုပ်ဖြင့်   ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်သည်။

ပဲလေ့စ်သို့ပြောင်းရွှေ့ခဲ့ပြီးနောက်တွင် လော့ဖ်တက်စ်ချိက ‘ပဲလေ့စ်အသင်းက အလွန်တောင့်တင်းတဲ့အသင်းပါ။ ဒီရာသီမှာ ပဲလေ့စ်အသင်းရဲ့အစိတ်အပိုင်းတစ်ခု ဖြစ်ရမှာကို ကျွန်တော်နှစ်သက်ပါတယ်။

ကျွန်တော်က Lewisham မှာ မွေးဖွားခဲ့တဲ့သူပါ။ ပဲလေ့စ်အသင်းတည်နေရာနဲ့သိပ်မဝေးပါဘူး။ ပဲလေ့စ်အသင်းက အသင်းကောင်းတစ်သင်းပါ’ ဟု ပြောဆိုခဲ့သည်။

လော့ဖ်တက်စ်ချိသည် ပဲလေ့စ်နည်းပြသစ် ဖရန့်ဒီဘိုးဝါး၏ ပထမဆုံးကစားသမားခေါ်ယူမှု ဖြစ်သည်။

လော့စ်တက်စ်ချိသည် ချယ်လ်ဆီးအသင်းတွင် ၂၀၁၄-၁၅ ရာသီက ပထမဆုံးပွဲထွက်ခွင့်ရခဲ့ပြီး လက်ရှိအချိန်အထိ ၃၂ ပွဲ ပါဝင်ကစားခွင့်ရထားသည်။ ပြီးခဲ့သည့်ရာသီက ၁၁ ပွဲ ပါဝင်ကစားခွင့်ရခဲ့သည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly