ဗီတိုလိုကို ၂၀၂၂ အထိ စာချုပ်ချုပ်ဆိုရန် သဘောတူညီမှုရရှိပြီဖြစ်တဲ့ အက်သလက်တီကို

ဗီတိုလိုကို ၂၀၂၂ အထိ စာချုပ်ချုပ်ဆိုရန် သဘောတူညီမှုရရှိပြီဖြစ်တဲ့ အက်သလက်တီကို
(ဓာတ်ပုံ - အီးပီအေ)

အက်သလက်တီကိုအသင်းဟာ ဗီတိုလို,လို့ လူသိများတဲ့ ဗစ်တာမက်ရှင်းပီရက်ဇ်ကို ၂၀၂၂ ခုနှစ်အထိ စာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၄ နှစ်ကြာ ကစားခဲ့တဲ့ ဆီဗီလာအသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့သူ ကွင်းလယ်လူ ဗီတိုလိုဟာ ဖီဖာအဖွဲ့ချုပ်ရဲ့ ကစားသမားခေါ်ယူခွင့် ပိတ်ပင်ခံထားရတဲ့ အက်သလက်တီကိုအသင်းကို မပူးပေါင်းသေးခင်မှာ လက်စ်ပါးမတ်စ်အသင်းဆီ လာမယ့် ရာသီဝက် အဌားနဲ့ သွားရောက်ကစားမှာဖြစ်ပါတယ်။

"ဖီဖာရဲ့ ပိတ်ပတားမြစ်ချက်အရ လက်ရှိနွေရာ ဈေးကွက်မှာ ကစားသမားတွေကို မှတ်ပုံတင်ခွင့် ပိတ်ပင်ထားပါတယ်။ ကစားသမားဟာ လာမယ့် ရာသီဝက်ကို လက်စ်ပါးမတ်စ်အသင်းမှာ ကစားမှာဖြစ်ပြီး ၂၀၁၈ ဇန်နဝါရီ ၁ ရက်နေ့မှ အက်သလက်အသင်းနဲ့ စတင်ပူးပေါင်းမှာဖြစ်ပါတယ်။"လို့ အက်သလက်တီကိုအသင်းက ၎င်းတို့ရဲ့ ဝက်ဘ်ဆိုက်မှာ ပြောဆိုထားပါတယ်။

၂၀၁၃ ခုနှစ်က စပိန်ဒုတိယတန်းအမှတ်ပေးလိဂ် ဆီဂန်ဒါကလပ် လက်စ်ပါးမတ်စ်အသင်းမှ တဆင့်ပြောင်းရွှေ့လာခဲ့တဲ့ ဗီတိုလိုဟာ ဆီဗီလာအသင်းနှင့်အတူ ယူရိုပါလိဂ်ဖလား ၃ ကြိမ်ရယူခဲ့ပြီး ၄ ရာသီအတွင်း အသင်းအတွက် ပွဲပေါင်း ၁၇၇ ပွဲကစား၊ ၂၈ ဂိုးသွင်းယူကာ ၄၅ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ခဲ့ပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly