ပြိုင်ဘက်ကောင်း တစ်သင်းဖြစ်တဲ့အတွက် အကျိုးရှိတဲ့ခြေစမ်းပွဲစဉ်ဖြစ်ကြောင်း မြန်မာ ယူ-၂၂နည်းပြ ပြော

ပြိုင်ဘက်ကောင်း တစ်သင်းဖြစ်တဲ့အတွက် အကျိုးရှိတဲ့ခြေစမ်းပွဲစဉ်ဖြစ်ကြောင်း မြန်မာ ယူ-၂၂နည်းပြ ပြော
(ဓာတ်ပုံ - MFF)

၂၉ ကြိမ်မြောက် မလေးရှားဆီးဂိမ်းပြိုင်ပွဲနှင့် အာရှ ယူ-၂၃ ခြေစစ်ပွဲစဉ်များအတွက် ကြိုတင်ပြင်ဆင်နေတဲ့ မြန်မာလက်ရွေးစင် ယူ-၂၂ နည်းပြချုပ် ဂတ်ဇိုင်းဆီက မလေးရှာနှင့်ခြေစမ်းပွဲစဉ်မှာ မလေးရှားဟာ ပြိုင်ဘက်ကောင်းတစ်သင်းဖြစ်တဲ့အတွက် ဒီခြေစမ်းပွဲက အကျိုးအမြတ်တွေ ရရှိမှာဖြစ်တယ်လို့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

အဆိုပါပြိုင်ပွဲအတွက် Match Coordination Meeting နှင့် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ဇူလိုင်လ ၁၂ ရက်က  မလေးရှားဘောလုံးအဖွဲ့ချုပ်ရုံး၌ ကျင်းပခဲ့ပါတယ်။

မြန်မာ ယူ-၂၂ အသင်း နည်းပြချုပ် မစ္စတာ ဂတ်ဇိုင်းဆီက "အသင်းကို စုစည်းတာ မကြာသေးပါဘူး။ သုံးပတ်လောက်ပဲ ရှိပါဦးမယ်။ ရန်ကုန်မှာ လွန်ခဲ့တဲ့အပတ်က KBZ Bank Cup 2017 ဖိတ်ခေါ်ပြိုင်ပွဲကို ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပြီး ကမ္ဘောဒီးယား၊ ဟောင်ကောင်၊ ဂျပန်တက္ကသိုလ်အသင်းတွေနဲ့ ခြေစမ်းကစားခဲ့ပါတယ်။ မလေးရှားဟာ ပြိုင်ဘက်ကောင်းတစ်သင်းဖြစ်တဲ့အတွက် ဒီခြေစမ်းပွဲက အကျိုးအမြတ်တွေ ရရှိမှာပါ။ ဆီးဂိမ်းမှာ တစ်အုပ်စုတည်း ကျနေတယ်ဆိုပေမယ့် ကျွန်တော်တို့ တစ်သင်းအကြောင်းကို တစ်သင်းက သိပြီးသားပါ။ ဒါကြောင့် ဒီခြေစမ်းပွဲကစားရတာ ပြဿနာမရှိနိုင်ပါဘူး။"လို့ ပြောကြားသွားပါတယ်။

မြန်မာလက်ရွေးစင် ယူ-၂၂ အသင်းဟာ ယခုခြေစမ်းပွဲစဉ်မတိုင်မီက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့တဲ့ KBZ Bank Cup ၂၀၁၇ ဖိတ်ခေါ်ပြိုင်ပွဲမှာ ကမ္ဘောဒီးယား ယူ-၂၂၊ ဟောင်ကောင် ယူ-၂၂၊ ဂျပန်တက္ကသိုလ် ယူ-၂၂အသင်းများနှင့်ကစားခဲ့ပြီး ရလဒ်ကောင်းအချို့ရရှိခဲ့ကာ ဆီးဂိမ်းပြိုင်ပွဲနီးကပ်လာချိန်မှာတော့ အိမ်ရှင်မလေးရှားအသင်းနှင့် ခြေစမ်းကစားရန် စီစဉ်နေတာလည်းဖြစ်ပါတယ်။

အဆိုပါခြေစမ်းပွဲကို ဇူလိုင် ၁၃ရက်နေ့ (ယနေ့) မြန်မာစံတော်ချိန်ည ရး၁၅ (ဒေသစံတော်ချိန် ည ၈း၄၅)အချိန်မှာ မလေးရှာနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ Shah Alam အားကစားကွင်းကြီးမှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

Ref; MFF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly