မန်​စီးတီးကို​နောက်​​ကောက်​ချပြီး ဒန်​နီအဲလ်​ဗက်​စ်​ကို ပီအက်​စ်​ဂျီအသင်​း​ခေါ်ယူ

မန်​စီးတီးကို​နောက်​​ကောက်​ချပြီး ဒန်​နီအဲလ်​ဗက်​စ်​ကို ပီအက်​စ်​ဂျီအသင်​း​ခေါ်ယူ

ဇူလိုင် ၁၂၊ ပြင်သစ် ။            ။ မန်စီးတီးအသင်းကခေါ်ယူရန်ကြိုးပမ်းနေသည့် ဘရာဇီးနောက်ခံကစားသမား ဒန်နီအဲလ်ဗက်စ်ကို ပီအက်စ်ဂျီအသင်းက ကြားဖြတ်ခေါ်ယူသွားခဲ့ပြီဖြစ်သည်။

ဂျူဗင်တပ်စ်အသင်းနှင့်အဲလ်ဗက်စ်တို့မှာ နှစ်ဦးသဘောတူစာချုပ်ဖျက်သိမ်းထားခြင်းဖြစ်သည့်အတွက် ပီအက်စ်ဂျီအသင်းက အဲလ်ဗက်စ်ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူနိုင်ခဲ့ပြီး ၂ နှစ်သက်တမ်းရှိစာချုပ် ချုပ်ဆိုခဲ့သည်။

အဲလ်ဗက်စ်အားခေါ်ယူနိုင်ခဲ့ခြင်းကို ပီအက်စ်ဂျီအသင်းက ဗီဒီယိုဖိုင်တင်ကာဖော်ပြခဲ့သည်။ အဲလ်ဗက်စ်သည် ပီအက်စ်ဂျီအသင်းတွင် ကျောနံပါတ် ၃၂ ကို ဝတ်ဆင်ကစားမည်ဖြစ်သည်။

ဆီဗီလာနှင့်ဘာစီလိုနာတို့တွင်အောင်မြင်မှုများရရှိခဲ့သည့် အဲလ်ဗက်စ်သည် ပြီးခဲ့သည့်ရာသီကလည်း ဂျူဗင်တပ်စ်အသင်းနှင့်အတူ စီးရီးအေဖလားနှင့်ကိုပါအီတာလီယာဖလားတို့ကိုရယူနိုင်ခဲ့သည်။ ဂျူဗီအတွက် ၃၃ ပွဲပါဝင်ကစားခဲ့ရာတွင် ၆ ဂိုးသွင်းပြီး ၇ ဂိုးဖန်တီးပေးနိုင်ခဲ့သည်။

ရည်ညွှန်း All football

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags