နိုင်ဂျီးရီးယားတွင် အသေခံဗုံးခွဲတိုက်ခိုက်မှုများဖြစ်ပွားပြီး ၁၅ ဦး သေဆုံး

နိုင်ဂျီးရီးယားတွင် အသေခံဗုံးခွဲတိုက်ခိုက်မှုများဖြစ်ပွားပြီး ၁၅ ဦး သေဆုံး

ဇူလိုင် ၁၂ ။            ။ နိုင်ဂျီးရီးယားနိုင်ငံတွင် ဇူလိုင်လ ၁၁ ရက်က အသေခံဗုံးခွဲတိုက်ခိုက်မှုများဖြစ်ပေါ်ခဲ့ပြီး လူပေါင်း ၁၅ ဦးထက်မနည်း သေဆုံးသွားကြောင်း အာဏာပိုင်များက ပြောသည်။

နိုင်ငံ အရှေ့မြောက်ပိုင်းရှိ မိုင်ဒူဂူရီမြို့တွင် အမျိုးသမီး အသေခံဖောက်ခွဲရေးသမား လေးဦးက ဖောက်ခွဲတိုက်ခိုက်သွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဇူလိုင် ၁၂ ရက်တွင် ထုတ်ပြန်သည်။

ယမန်နေ့ ဇူလိုင် ၁၁ ရက်ညပိုင်းက ယင်းမြို့ရှိ ဆင်ခြေဖုံးအရပ် မိုလိုင် ကယ်လီမာရီ ရှိ မတူညီသော နေရာလေးခုတွင် အဆိုပါ အသေခံဖောက်ခွဲရေးသမား လေးဦးက တိုက်ခိုက်မှုများကို လုပ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း ဘော်နိုပြည်နယ် ရဲမင်းကြီး ဒမ်မီယမ် ချူကူက ပြောသည်။

ယင်းအသေခံ တိုက်ခိုက်မှုများကြောင့် တိုက်ခိုက်သူ လေးဦးအပါအဝင် စုစုပေါင်း ၁၉ ဦးထိသေဆုံးခဲ့ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags