ဘင်ဖီကာဂိုးသမား အီဒါဆင်ကို ပေါင် ၃၄.၇ သန်းဖြင့် မန်စီးတီးခေါ်ယူ

ဘင်ဖီကာဂိုးသမား အီဒါဆင်ကို ပေါင် ၃၄.၇ သန်းဖြင့် မန်စီးတီးခေါ်ယူ

အင်္ဂလန်၊ ဇူလိုင် ၁၂ ။                  ။ မန်စီးတီးအသင်းသည် ဘင်ဖီကာအသင်းမှ ဘရာဇီးဂိုးသမား အီဒါဆင်ကို ပြောင်းရွှေ့ကြေးပေါင် ၃၄.၇ သန်းဖြင့် ခေါ်ယူလိုက်ပြီ ဖြစ်သည်။

ပြောင်းရွှေ့ကြေးပေါင် ၃၄.၇ သန်းကြောင့် အီဒါဆင်သည် ဂျူဗင်တပ်စ်ဂိုးသမားဘတ်ဖွန်ပြီးနောက် ကမ္ဘာပေါ်တွင် ဒုတိယဈေးအကြီးဆုံးဂိုးသမားဖြစ်လာခဲ့သည်။

မန်စီးတီးနှင့် စာချုပ် ချုပ်ဆိုပြီးနောက်တွင် အီဒါဆင်က ပထမကစားသမားနေရာအတွက် ချီလီဂိုးသမား ဘရာဗိုကို သတိပေးပြောဆိုလိုက်သည်။

‘ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲမှာ ဘရာဗိုလက်စွမ်းပြနိုင်ခဲ့လို့ ကျွန်တော်သူ့အတွက် ဝမ်းသာပါတယ်။ စိတ်ရင်းအမှန်နဲ့ပြောတာပါ။ ဒီလိုလက်စွမ်းပြနိုင်တာက သူ့ကို ယုံကြည်မှုပြန်ရစေပါလိမ့်မယ်။ ပြီးခဲ့တဲ့ရာသီအခြေအနေဆိုးတွေကနေ လွတ်မြောက်ဖို့ သူ့ကို ကူညီနိုင်ပါလိမ့်မယ်။

သူက ဂိုးသမားကောင်းဆိုတာ အားလုံးသိပြီးသားပါ။ ဒါပေမဲ့ ပထမပွဲထွက်ခွင့်နေရာအတွက်တော့ သူယှဉ်ပြိုင်ရပါလိ့မ်မယ်’ ဟု အီဒါဆင်က ဆိုသည်။

ထို့အပြင် အီဒါဆင်က သူ၏ပြောင်းရွှေ့ကြေးအတွက် ဖိအားမရှိကြောင်းနှင့် မန်စီးတီးနှင့်အတူ အောင်မြင်မှုရယူနိုင်မည်ဟု ယုံကြည်ကြောင်းဆိုသည်။

‘ကမ္ဘာပေါ်မှာ ဒုတိယဈေးအကြီးဆုံးဂိုးသမားဖြစ်လာလို့ ဘယ်လိုခံစားရလဲဆိုပြီး သူငယ်ချင်းတွေက မေးပါတယ်။ ကျွန်တော်ခံစားမှုကတော့ ပုံမှန်ပါပဲ။ ဒါကကိန်းဂဏာန်းတွေပါ။ တစ်ယူရိုဖြစ်ဖြစ် ယူရိုသန်းလေးဆယ်ဖြစ်ဖြစ် ကျွန်တော့်အတွက် ထူးခြားမှုမရှိပါဘူး။ ကျွန်တော့်ရဲ့အာရုံစူးစိုက်မှုကိုလည်း ထိခိုက်စေမှာမဟုတ်ပါဘူး။ အသင်းကြီးတစ်သင်းကိုပြောင်းရင် ကြီးမားတဲ့ဖိအားတွေရင်ဆိုင်ရမယ်ဆိုတာသိပြီးသားပါ။ အဆင်သင့်ပါပဲ။ ဘင်ဖီကာမှာလိုပဲ မန်စီးတီးမှာ ကြီးမားတဲ့အောင်မြင်မှုတွေရမယ်လို့ ယုံကြည်ပါတယ်’ ဟု အီဒါဆင်က ပြောဆိုခဲ့သည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly