ယူအီးအက်ဖ်အေ စွမ်းဆောင်မှုမြင့်မားဆုံး အဆင့်ရပ်တည်မှုတွင် စပိန်လာလီဂါအသင်းများ ဆက်လက်ဦးဆောင်

ယူအီးအက်ဖ်အေ စွမ်းဆောင်မှုမြင့်မားဆုံး အဆင့်ရပ်တည်မှုတွင် စပိန်လာလီဂါအသင်းများ ဆက်လက်ဦးဆောင်

ဥရောပဘောလုံးအဖွဲ့ချုပ်က ၂၀၁၆-၁၇ အတွင်း စွမ်းဆောင်မှုမြင့်မားခဲ့တဲ့ ကလပ်အသင်းများအပေါ် စီစစ်ရွေးချယ်ခဲ့ပြီးနောက် တရားဝင် နောက်ဆုံးထုတ်ပြန်ကြေညာခဲ့ရာ ထိပ်ဆုံး (၃)သင်းမှာ ရီးယဲလ်၊ အက်သလက်တီ၊ ဘာစီလိုနာအသင်းတွေဖြစ်တဲ့ စပိန်လာလီဂါ (၃)သင်းအဖြစ် ရပ်တည်နိုင်ခဲ့သလို ထိပ်ဆုံး (၁၀) စာရင်းမှာ ဆီဗီလာအသင်းအပါအဝင် (၄)သင်းအထိ ပါဝင်ခဲ့ကြောင်း သိရပါတယ်။

နှစ်နှစ်ဆက်တိုက်ချန်ပီယံဆုရရှိခဲ့တဲ့ ရီးယဲလ်မက်ဒရစ်က ရမှတ်ပေါင်း (၁၅၁.၇၉၉)မှတ်နဲ့ ထိပ်ဆုံးမှ ဦးဆောင်ခဲ့ပါတယ်။

အက်သလက်တီကိုအသင်းဟာ ဘာစီလိုနာနှင့် ဘိုင်ယန်မြူးနစ်အသင်းတို့ကို ကျော်ဖြတ်ပြီး ယူအီးအက်ဖ်အေ ကလပ်အသင်းများ ရပ်တည်ချက်ဇယားမှာ နံပါတ် (၂)နေရာကို ရယူနိုင်ခဲ့ပါတယ်။

အက်သလက်တီကိုအသင်းက ရမှတ် (၁၃၃.၇၉၉) နဲ့ နံပါတ် (၂)၊ ဘာစီလိုနာက ရမှတ် (၁၂၈.၇၉၉)နဲ့ နံပါတ် (၃)၊ ဘိုင်ယန်က ရမှတ် (၁၂၂.၆၅၆)နဲ့ နံပါတ် (၄) နှင့် နံပါတ် (၅)မှာတော့ ရမှတ် (၁၁၉.၀၄၉) တို့ဖြင့် အသီးသီးရပ်တည်နေပါတယ်။

ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ ပရီးမီးယားလိဂ်ကလပ်မှာ ရမှတ် အမြင့်ဆုံးအသင်းတွေကတော့ မန်စီးတီး ရမှတ် (၉၄.၃၆၃) - အဆင့် (၉)၊ အာဆင်နယ် (အဆင့် ၁၁၊ ၈၄.၃၆၃)၊ ချယ်လ်ဆီး (အဆင့် ၁၃၊ ၈၀.၃၆၃)၊ မန်ယူ (အဆင့် ၁၆၊ ၇၈.၃၆၃)၊ စပါး (အဆင့် ၂၂၊ ၆၂.၃၆၃)နှင့် လီဗာပူးလ် (အဆင့် ၃၅၊ ၄၄.၃၆၃) တို့ ဖြစ်ပါတယ်။

အဆိုပါတွက်ချက်မှုဟာ ပြီးခဲ့တဲ့ (၅)ရာသီအတွင်း ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်တို့မှာ စွမ်းဆောင်မှုများအပေါ် အခြေခံ တွက်ချက်ခဲ့တာဖြစ်ပါတယ်။

Ref; ESPN, UEFA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly