ဂိုိးသမား ဒွန်ရမ်မာရဲ့ စာချုပ်ကို ၂၀၂၁ အထိ သက်တမ်းတိုးလိုက်ကြောင်း မီလန်အသင်း ကြေညာ

ဂိုိးသမား ဒွန်ရမ်မာရဲ့ စာချုပ်ကို ၂၀၂၁ အထိ သက်တမ်းတိုးလိုက်ကြောင်း မီလန်အသင်း ကြေညာ
(ဓာတ်ပုံ - အီးပီအေ)

အေစီမီလန်အသင်းဟာ အီတလီလူငယ်ဂိုးသမား ဂျီယန်လူဂီ ဒွန်ရမ်မာကို ၂၀၂၁ ခုနှစ်အထိ သက်တမ်းတိုး စာချုပ်,ချုပ်ဆိုနိုင်ခဲ့ပြီဖြစ်ကြောင်း အင်္ဂါနေ့က ကြေညာခဲ့ပါတယ်။

စီးရီးအေကလပ်ဟာ ဒိုနာရူမာရဲ့ စာချုပ်နဲ့ပတ်သက်လို့ ငွေကြေးဆိုင်ရာ အသေးစိတ်ကို ဖော်ပြထားတာ မရှိပေမယ့် ဒေသတွင်း မီဒီယာတွေရဲ့ ခန့်မှန်းချက်အရ အသက် ၁၈ နှစ်အရွယ် လူငယ်ဂိုးသမားဟာ တစ်ရာသီ လုပ်ခ ယူရို ၆ သန်းနှင့် ကစားသမားရဲ့ စာချုပ်သစ် ဖျက်သိမ်းခွင့် လျော်ကြေး ယူရို ၇၅ သန်းရှိတယ်လို့ ဆိုပါတယ်။

"ဂိုးသမားရဲ့ စာချုပ်သက်တမ်းတိုးဖို့ ခက်ခက်ခဲခဲကြိုးစားလုပ်ဆောင်ခဲ့တဲ့ အေစီမီလန်ရော ကစားသမားနှင့် ပရိသတ်အတွက်ပါ ဒါဟာ အပေါင်းလက္ခဏာဆောင်တဲ့ သတင်းဖြစ်ပါတယ်။"လို့ စီးရီးအေ (၁၈)ကြိမ်ရ ချန်ပီယံ အေစီမီလန်က ၎င်းတို့ရဲ့ ဝက်ဘ်ဆိုက်မှာ ပြောပါတယ်။

အစောပိုင်းရက်တွေမှာ ဒိုနာရူမာရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ ရီးယဲလ်အသင်းဆီ ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ကစားသမားဟာ စီးရီးအေမှာ အသက် ၁၆ နှစ်အရွယ်မှာ ပထမဆုံး ပွဲထွက်ခွင့်ပေးတဲ့ သူကြီးပြင်းရာ အေစီနဲ့ စာချုပ်သက်တမ်းတိုးဖို့ကို ရွေးချယ်လိုက်ပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags