ရီးယဲလ်​ကွင်​းလယ်​လူဂျိမ်​းစ်​ရိုဒရီဂွက်​်​်​်​ကို ၂ ရာသီအငှားစာချုပ်​ဖြင်​့ ဘိုင်​ယန်​မြူးနစ်​​ခေါ်ယူ

ရီးယဲလ်​ကွင်​းလယ်​လူဂျိမ်​းစ်​ရိုဒရီဂွက်​်​်​်​ကို ၂ ရာသီအငှားစာချုပ်​ဖြင်​့ ဘိုင်​ယန်​မြူးနစ်​​ခေါ်ယူ

ဇူလိုင် ၁၁၊ စပိန် ။             ။ ဘိုင်ယန်မြူးနစ်အသင်းသည် ရီးယဲလ်အသင်းမှ ကိုလံဘီယာကွင်းလယ်ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို ၂ ရာသီအငှားစာချုပ်ဖြင့်ခေါ်ယူလိုက်ပြီဖြစ်သည်။

ရိုဒရီဂွက်ဇ်သည် ဆေးစစ်မှုများအောင်မြင်ခဲ့ပါက စာချုပ်တွင်လက်မှတ်ရေးထိုးမည် ဖြစ်သည်။

နည်းပြအန်စလော့တီက ရိုဒရီဂွက်ဇ်ကို အလွန်ခေါ်ယူချင်သောကြောင့် ခေါ်ယူခဲ့ရခြင်းဟု ဘိုင်ယန်အသင်းဥက္ကဌရူမင်နစ်ဂီကဆိုသည်။

`ဒီအပြောင်းအရွှေ့ဖြစ်မြောက်ခဲ့လို့ အလွန်ဝမ်းသာမိပါတယ်။ နည်းပြ အန်စလော့တီက ဂျိမ်းစ်ကိုခေါ်ယူချင်တာကြောင့် ခေါ်ခဲ့တာပါ။ ဂျိမ်းစ်ကြောင့် ဘိုင်ယန်အသင်း ပိုကောင်းလာမှာလားဆိုတာ မေးနေစရာတောင်မလိုပါဘူး´ ဟု ရူမင်နစ်ဂီက ဆိုသည်။

ဂျိမ်းစ်သည် ရီးယဲလ်နှင့်အတူ ၁၁၁ ပွဲ ပါဝင်ကစားခဲ့ပြီး ၃၆ ဂိုးသွင်းကာ ၄၁ ဂိုးဖန်တီးပေးခဲ့သည်။

၂ ရာသီအတွင်း ဂျိမ်းစ်၏ခြေစွမ်းကို ဘိုင်ယန်မြူးနစ်အသင်းမှ ကြိုက်နှစ်သက်ပါက အပြီးသတ်စာချုပ် ချုပ်ဆိုမည် ဖြစ်သည်။

ရည်ညွှန်း-ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly