ခေါင်းဆောင်ဖြစ်သူ ဘဂ္ဂဒါဒီ သေဆုံးသည်ဟု အိုင်အက်စ်ခေါင်းဆောင်ပိုင်းထံမှ သတင်း ရရှိ

ခေါင်းဆောင်ဖြစ်သူ ဘဂ္ဂဒါဒီ သေဆုံးသည်ဟု အိုင်အက်စ်ခေါင်းဆောင်ပိုင်းထံမှ သတင်း ရရှိ

ဒမတ်စကပ်၊ ဇူလိုင် ၁၁ ။             ။ အိုင်အက်စ်ခေါင်းဆောင် အဘူဘတ်ခ်အယ်လ်ဘဂ္ဂဒါဒီ သေဆုံးကြောင်း အတည်ပြုချက်ကို အိုင်အက်စ်ခေါင်းဆောင်ပိုင်းမှ ရရှိသည့် သတင်းအရ ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ဇူလိုင် ၁၁ ရက်တွင် ပြောသည်။

"ဒီယာအစ်ဇောပြည်နယ်မှာ ရှိနေတဲ့ အိုင်အက်စ် ထိပ်တန်းတပ်မှူးတစ်ဦးက ဘဂ္ဂဒါဒီ သေဆုံးကြောင်းကို ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ထံ အတည်ပြုပြောလာတာ ဖြစ်ပါတယ်။"ဟု ယင်းစောင့်ကြည့်ရေးအဖွဲ့ ညွှန်ကြားရေးမှူးဖြစ်သူ ရာမီရက်ရှ်မန်းက ဆိုသည်။

"ဒီအကြောင်း ဒီနေ့မှာပဲ ကြားတာပါ။ ဒါပေမယ့် ဘဂ္ဂဒါဒီ ဘယ်အချိန်မှာ ဘယ်လိုသေတယ်ဆိုတာတော့ မသိရသေးပါဘူး။"ဟု ၎င်းကပြောသည်။

ဆီးရီးယားနှင့် အီရတ်နေရာအများစုတွင် အိုင်အက်စ်တို့က ပိုင်နက်နယ်မြေများ ဆုံးရှုံးလျက်ရှိနေသော်လည်း ဒီယာအစ်ဇောပြည်နယ် နယ်မြေအများအပြားက အိုင်အက်စ်လက်အောက်၌ပင် ရှိနေဆဲဖြစ်သည်။

ပြီးခဲ့သည့် လများအတွင်း၌ ဘဂ္ဂဒါဒီသည် ယင်းပြည်နယ်အတွင်း ရှိနေခဲ့ခြင်းဖြစ်သော်လည်း ၎င်းက ပြည်နယ်အတွင်း တစ်နေရာရာမှာ သေဆုံးခြင်းလားဆိုသည်မှာမူ ကျိန်းသေမသိရှိကြောင်း ရက်ရှ်မန်းက ပြောခဲ့သည်။

ကုန်လွန်ခဲ့သည့် လများအတွင်း ဘဂ္ဂဒါဒီ သေဆုံးပြီဆိုသော ကောလဟလများ ဆက်တိုက် ထွက်နေခဲ့သည်။ ရုရှနိုင်ငံကလည်း ဆီးရီးယားတွင် လေကြောင်းထိုးစစ်၌  မေလအတွင်း ဘဂ္ဂဒါဒီကို သုတ်သင်လိုက်နိုင်သည်ဆိုခြင်းအား အတည်ပြုနိုင်ဖို့ ကြိုးစားလျက်ရှိကြောင်း ဇွန်လလယ်က ပြောထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly