အမေရိကန်မှာ စစ်လေယာဉ်တစ်စင်း ပျက်ကျ၍ ၁၆ ဦး သေဆုံး

အမေရိကန်မှာ စစ်လေယာဉ်တစ်စင်း ပျက်ကျ၍ ၁၆ ဦး သေဆုံး

ဇူလိုင် ၁၁ ။             ။ အမေရိကန်နိုင်ငံ တောင်ပိုင်း Mississippi ပြည်နယ်မှာ ဇူလိုင်လ ၁၀ ရက်က စစ်လေယာဉ်တစ်စင်း ပျက်ကျခဲ့ပြီး လူ ၁၆ ဦး သေဆုံးသွားခဲ့တယ်လို့ အမေရိကန်မီဒီယာတွေမှာ   ဖော်ပြခဲ့ကြပါတယ်။

KC-130 လေယာဉ်တစ်စင်း ယင်းနေ့ညနေပိုင်းက ကံအကြောင်းမလှစွာ ပျက်ကျသွားခဲ့ကြောင်း အမေရိကန်စစ်တပ်ကလည်း အတည်ပြုထုတ်ပြန်ထားပါတယ်။

 အဆိုပါ လေယာဉ်ပျက်ကျမှုဖြစ်စဉ်မှာ သေဆုံးသူဦးရေ ၁၆ ဦးထိ ရှိခဲ့ကြောင်း Leflore county အရေးပေါ်အခြေအနေစီမံမှုဌာန ဒါရိုက်တာ Fred Randle ကို ကိုးကားပြီး CNN သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

သေဆုံးသူ ၁၆ ဦးစလုံးဟာ ပျက်ကျသွားခဲ့သည့် စစ်တပ်လေယာဉ်မှာ လိုက်ပါသွားကြသူများဖြစ်ကြောင်းနဲ့ ယင်းဖြစ်ရပ်ဆိုးမှာ အသက်ရှင်ကျန်ရစ်သူ မရှိခဲ့ကြောင်း Randle က ပြောကြားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ လေယာဉ်ပျက်ကျမှုဖြစ်စဉ်မှာ Leflore county တွင်းရှိ ပဲခင်းတစ်ခုမှာ ဇူလိုင်လ ၁၀ ရက် ညနေခင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပျက်ကျခဲ့သည့် လေယာဉ်မှာ အမေရိကန်စစ်တပ်၏ KC-130 Hercules ပို့ဆောင်ရေးလေယာဉ်အမျိုးအစား ဖြစ်ကြောင်း စစ်တပ်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ကြီး Sarah Burns က အတည်ပြုသွားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly