မြန်မာ့စီးပွားရေး ဦးပိုင် လီမီတက်က Fraser & Neave (F&N) ၏ ရှယ်ယာ ၅၅ ရာခိုင်နှုန်း ၀ယ်မည်

မြန်မာ့စီးပွားရေး ဦးပိုင် လီမီတက်က Fraser & Neave (F&N) ၏ ရှယ်ယာ ၅၅ ရာခိုင်နှုန်း ၀ယ်မည်

မြန်မာစီးပွားရေးဦးပိုင်လီမီတက် (MEHL) က စင်္ကာပူအခြေစိုက် Fraser & Neave (F&N) ၏ အမေရိကန်ဒေါ်လာ ၅၆၀ သန်းဖိုးနှင့် ညီမျှသည့် ရှယ်ယာ ၅၅ ရာခိုင်နှုန်း ဝယ်ယူရန် သဘောတူညီလိုက်ပြီဖြစ်ကြောင်း သြဂုတ် ၆ ရက်က သတင်းထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံ အဖျော်ယမကာလုပ်ငန်းတွင် မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်က Fraser & Neave (F&N)၏ ရှယ်ယာ ၅၅ ရာခိုင်နှုန်းကို ဝယ်ယူသွားရန်အတွက် သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်သည်။
တရားရေး ခုံရုံး၏ ဆုံးဖြတ်ချက် အရ ဦးပိုင်နှင့် F&N တို့၏ ရှယ်ယာနှင့်ပတ်သက်သည့် အငြင်းပွားမှုအားလုံး ပြေလည်မှုရရှိသွားပြီဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။
ခုံရုံးက ရှယ်ယာအဖိုးဖြတ်ခြင်းအတွက် ရက် ၃၀ အတွင်း ရာဖြတ်အမည်စာရင်း ကြေညာရန် သို့မဟုတ် ရောင်းချခြင်းအတွက် လိုအပ်မှုအဝဝကို အပြီးသတ်လုပ်ဆောင်ကြရန်လည်း ဆုံးဖြတ်လိုက်သည်။

ဝယ်ယူခြင်းအတွက် ယာယီဈေးနှုန်းကို ဇူလိုင် ၂၂ ရက်က ဆုံးဖြတ်သတ်မှတ်ပေးခဲ့ပြီး ဒေါ်လာ သန်း ၅၆၀ ဖြင့် ၂၀၁၅ သြဂုတ် ၂၀ မကျော်လွန်မီ အရောင်းအဝယ်အပြီးသတ်လုပ်ကိုင်ရမည်ဖြစ်သည်။

F&Nသည် စင်ကာပူနိုင်ငံအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်ပြီး အစားအသောက် ကုမ္ပဏီ တစ်ခုဖြစ်ပြီး ဟန်နီကယ်ဘီယာ ကုမ္ပဏီနှင့်လည်း အကျိုးတူပူးပေါင်းထားသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly