အင်္ဂလန်လက်ရွေးစင်အသင်းတွင် ပြန်လည်ရွေးချယ်ခံရရန် ရွန်နီယုံကြည်

အင်္ဂလန်လက်ရွေးစင်အသင်းတွင် ပြန်လည်ရွေးချယ်ခံရရန် ရွန်နီယုံကြည်

ဇူလိုင် ၁၁၊ လီဗာပူးလ်။           ။ အဲဗာတန်သို့ပြောင်းလာခြင်းမှာ အိမ်ပြန်အနားယူခြင်းမျိုး မဟုတ်ကြောင်းနှင့် အင်္ဂလန်လက်ရွေးစင်အဖြစ် ပြန်လည်ရွေးချယ်ခံရရန် ကြိုးစားနိုင်မည်ဟုယုံကြည်ကြောင်း ဝိန်းရွန်နီက ပြောသည်။

အသက် ၃၁ နှစ်အရွယ်တိုက်စစ်မှူးသည် ပြီးခဲ့သည့်ရာသီက မန်ချက်စတာယူနိုက်တက်တွင် အမှတ်ပေးပွဲ ၁၅ ပွဲသာကစားခွင့်ရ ခဲ့ပြီးနောက် လက်ရှိနွေရာသီ၌ အသင်းဟောင်းသို့   ပြန်လည်ပြောင်းရွှေ့ခဲ့သည်။

ရွန်နီသည် ပြင်သစ်၊ စကော့တလန်နှင့်ပွဲများတွင်လည်း အင်္ဂလန်လက်ရွေးစင်အသင်းလူစာရင်းမှ ချန်လှပ်ခံခဲ့ရသည်။ အင်္ဂလန် အတွက်အာရုံစိုက်နေခြင်း မဟုတ်ဟုပြောသော်လည်း ရွန်နီက “အဲဗာတန်အတွက် ခြေစွမ်းပြနိုင်ဖို့နဲ့ အင်္ဂလန်အသင်းကလည်း ကျွန်တော့်ကို လျစ်လျူရှုမထားနိုင်ဖို့ မျှော်လင့်ပါတယ်”ဟု ဆိုသည်။

အင်္ဂလန်အသင်းအသင်း၏ ဂိုးသွင်းအများဆုံးတိုက်စစ်မှူးမှာ နိုဝင်ဘာကတည်းက လက်ရွေးစင်အတွက် ပွဲကစားရခြင်းမရှိတော့ သော်လည်း အဲဗာတန်တွင်ခြေစွမ်းပြခြင်းအားဖြင့် အင်္ဂလန်နည်းပြဆောက်ဂိတ်ကို တွန်းအားပေးနိုင်မည်ဟု ယူဆနေသည်။

ရွန်နီသည် ယူနိုက်တက်အတွက် ၅၅၉ ပွဲကစား၊ ၂၅၃ ဂိုးသွင်းပြီး ယူနိုက်တက်၏ ဂိုးသွင်းအများဆုံးတိုက်စစ်မှူးအဖြစ်လည်း မှတ်တမ်းဝင်ထားသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly