ချယ်လ်ဆီးမှ ဒိုမီးနစ် ဆိုလန်ကာကို ခေါ်ယူစာချုပ်လိုက်ပြီဖြစ်ကြောင်း လီဗာပူးလ် ကြေညာ

ချယ်လ်ဆီးမှ ဒိုမီးနစ် ဆိုလန်ကာကို ခေါ်ယူစာချုပ်လိုက်ပြီဖြစ်ကြောင်း လီဗာပူးလ် ကြေညာ
(ဓာတ်ပုံ - လီဗာပူးလ်)

လီဗာပူးလ်အသင်းဟာ ချယ်လ်ဆီးတိုက်စစ်မှူး ဒိုမီးနစ် ဆိုလန်ကာကို ခေါ်ယူစာချုပ်လိုက်ပြီဖြစ်ကြောင်း တနင်္လာနေ့က ကြေညာခဲ့ပါတယ်။

အသက် ၁၉ နှစ်အရွယ် ဆိုလန်ကာဟာ ဒီနွေရာသီ အင်္ဂလန်ရဲ့ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ (၄)ဂိုး သွင်းယူပြီးနောက် လီဗာပူးလ်အသင်းဆီ လာရောက်ပူးပေါင်းတာဖြစ်ပါတယ်။

ဆိုလန်ကာဟာ တောင်ကိုရီးယားမှာ ကျင်းပတဲ့ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အကောင်းဆုံးကစာသမားဆု ရွှေဘောလုံးကို ကိုင်မြှောက်နိုင်ခဲ့သလို အင်္ဂလန်အသင်းဟာလည်း  သမိုင်းဝင် ယူ-၂၀ ကမ္ဘာ့ဖလားဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အဆိုပါလူငယ်တိုက်စစ်မှူးဟာ ချယ်လ်ဆီးအသင်းကြီးမှာ ၂၀၁၄ ခုနှစ်က တစ်ပွဲကစားခဲ့ပြီး Vitesse Arnhem အသင်းဆီ အဌားနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ၂၀၁၅-၁၆ ရာသီမှာ (၂၅)ပွဲကစား၊ (၇)ဂိုး သွင်းယူခဲ့ပါတယ်။

ဆိုလန်ကာဟာ နောက်ရာသီ အန်ဖီးလ်မှာ ကျောနံပါတ် (၂၉) ဝတ်စုံကို ဝတ်ဆင်သွားလိမ့်မယ်လို့ သိရပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags