‘ကျနော် ကမ႓ာ့အကောင်းဆုံးကလပ်ကို ရောက်ရှိလာခဲ့လို့ အလွန်ပျော်ရွှင်ပါတယ်’ - သီယိုဟာနန်​ဒက်​ဇ်​

‘ကျနော် ကမ႓ာ့အကောင်းဆုံးကလပ်ကို ရောက်ရှိလာခဲ့လို့ အလွန်ပျော်ရွှင်ပါတယ်’ - သီယိုဟာနန်​ဒက်​ဇ်​

ပြင်သစ် ဘယ်နောက်ခံလူ သီယိုဟာနန်ဒက်ဇ်ဟာ တနင်္လာနေ့က ဆေးစစ်မှု အောင်မြင်ပြီးနောက် အသင်းသစ် ရီးယဲလ်မက်ဒရစ်နဲ့ ပူးပေါင်းခဲ့ပြီဖြစ်ပါတယ်။

ဆေးစစ်မှု အောင်မြင်ပြီးနောက် အသက် ၁၉ နှစ်အရွယ် ပြင်သစ်ကစားသမားဟာ အင်္ဂါနေ့မှာ အမေရိကန်ကို ရာသီကြိုခြေစမ်းပွဲသွားရောက်မယ့် ရီးယဲလ်အသင်းသားတွေနဲ့ ပူးပေါင်းခဲ့ပါတယ်။

တနင်္လာနေ့ နှောင်းပိုင်းမှာတော့ သီယိုဟာနန်ဒက်ဇ်အတွက် ဘာနေဗျူးကွင်းမှာ မိတ်ဆက် အခမ်းအနားနဲ့ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။

"ကျနော် ကမ္ဘာ့အကောင်းဆုံးကလပ်ကို ရောက်ရှိလာခဲ့လို့ အလွန်ပျော်ရွှင်ပါတယ်။ အကောင်းဆုံး ကစားသမားတွေဆီက သင်ယူမှုတွေ ပြုလုပ်ပြီး ဆုဖလားတွေ ဆွတ်ခူးနိုင်ဖို့ ဒီနေရာကို ကျနော် ရောက်ရှိလာတာဖြစ်ပါတယ်"လို့ သီယိုဟာနန်ဒက်ဇ်က ပြောပါတယ်။

ဘယ်နောက်ခံလူဟာ ဇူလိုင် ၅ ရက်နေ့က ချန်ပီယံလိဂ်ဖလား စံချန်တင် (၁၂)ကြိမ်ရ ရီးယဲလ်အသင်းနဲ့ (၅)နှစ် စာချုပ်,ချုပ်ဆိုခဲ့ပြီး ပြောင်းရွှေ့ကြေးမှာ ပေါင် (၂၈)သန်း ဖြစ်တယ်လို့ သိရပါတယ်။

သူဟာ ၁၉၉၇ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့မှာ မာဆေးလ်မှာ မွေးဖွားပြီး အက်သလက်တီကို ဂျာစီဝတ်ခဲ့ကြတဲ့ ကစားသမားဟောင် ဂျင်း-ဖရမ်ကိုစ် ဟာနန်ဒက်ဇ်ရဲ့ သားဖြစ်ကာ လူးကပ်စ်ဟာနန်ဒက်ဇ်ရဲ့ အကိုလည်းဖြစ်ပါတယ်။

သီယိုဟာနန်ဒက်ဇ်ဟာ အသက် ၁၁ အရွယ်မှာ အက်သလက်တီကိုရဲ့ လူငယ်အကယ်ဒမီကို ရောက်ရှိလာပြီး ပြီးခဲ့တဲ့ရာသီ အလာဗက်စ်အသင်းမှာ အငှါးသွားရောက်မကစားခင်အထိ အရံအသင်းမှာ ကစားခဲ့ပါတယ်။

ရီးယဲလ်အသင်းဟာ ဒီနွေရာသီမှာ တရားဝင် (၃)ပွဲထဲမှ (၂)ပွဲကတော့ စပိန်စူပါဖလားအတွက် ဘုရင့်ဖလားချန်ပီယံ ဘာစီလိုနာနဲ့ ယူအီးအက်ဖ်အေ စူပါဖလားအတွက် မန်ယူအသင်းတို့ အပါအဝင် (၇)ပွဲအထိ ကစားဖို့ရှိပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly