ကွင်းလယ်လူစီဘာလော့စ် ရီးယဲလ်သို့ပြောင်းရန် သဘောတူညီမှုရခဲ့ပြီဟု ဘက်တစ်အသင်းဥက္ကဋ္ဌ အတည်ပြု

ကွင်းလယ်လူစီဘာလော့စ် ရီးယဲလ်သို့ပြောင်းရန် သဘောတူညီမှုရခဲ့ပြီဟု ဘက်တစ်အသင်းဥက္ကဋ္ဌ အတည်ပြု

ဇူလိုင် ၁၀၊ စပိန် ။            ။ ဘက်တစ်အသင်း၏ ဥက္ကဋ္ဌ အိန်ဂျယ်ဟာရိုက ၎င်းတို့အသင်း၏ ကွင်းလယ်ကစားသမား စီဘာလော့စ်သည် ရီးယဲလ်အသင်းသို့ ပြောင်းရန်သဘောတူညီမှု ရရှိခဲ့ပြီဟု အတည်ပြုခဲ့သည်။

အသက် ၂၀ အရွယ်ရှိ စီဘာလော့စ်သည် ပြီးခဲ့သည့် ဥရောပယူ-၂၁ ပြိုင်ပွဲတွင် စပိန်အသင်းအတွက် ခြေစွမ်းပြကစားခဲ့ပြီး ပြိုင်ပွဲတစ်လျှောက်အကောင်းဆုံးကစားသမားဆုကိုရခဲ့သူ ဖြစ်သည်။

စီဘာလော့စ်ကို ဘာစီလိုနာအသင်းက ခေါ်ယူဖို့ ကြိုးပမ်းခဲ့သော်လည်း ရီးယဲလ်အသင်းက ၎င်းတို့၏ ပြိုင်ဘက်ကို ဖြတ်ကျော်ကာ သဘောတူညီမှုရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

ဘက်တစ်အသင်းဥက္ကဋ္ဌဟာရိုက ‘ဒန်နီစီဘာလော့စ်က ကျွန်တော်တို့နဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ငြင်းဆိုခဲ့ပါတယ်။ ရီးယဲလ်နဲ့ဒန်နီတို့ သဘောတူညီမှုရသွားကြပါပြီ’ ဟုဆိုသည်။

ရီးယဲလ်အသင်းသည် စီဘာလော့စ်အတွက် ယူရို ၁၈ သန်းပေးချေပြီး ခြောက်နှစ်စာချုပ် ချုပ်ဆိုဖွယ်ရှိသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

စီဘာလော့စ်သည် ဘက်တစ်အသင်းတွင် ၂၀၁၄ ခုနှစ်က စတင်ပွဲထွက်ခွင့်ရခဲ့ပြီး လာလီဂါပွဲစဉ် ၆၅ ပွဲပါဝင်ကစားထားသည်။ ရီးယဲလ်အသင်းသည် ယခုနှစ်အပြောင်းအရွှေ့တွင် အလားအလာရှိသည့် လူငယ်ကစားသမားများကိုသာ ခေါ်ယူလျက်ရှိသည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly