ကျပ် သိန်း ၄၀ကနေ သိန်း၉၀ကြားစျေးရှိ တီဗီအမျိုးစားသစ်များကို Samsung မိတ်ဆက်

ကျပ် သိန်း ၄၀ကနေ သိန်း၉၀ကြားစျေးရှိ တီဗီအမျိုးစားသစ်များကို Samsung မိတ်ဆက်
ဓာတ်ပုံ-သက်ကို
 

ဇူလိုင် ၁၀ ။             ။ ကျပ် သိန်း ၄၀ကနေ သိန်း၉၀ကြားဈေးရှိ တီဗီအမျိုးစားသစ်များဖြစ်သော QLED ဟုခေါ်သော တီဗီအမျိုးအစားသစ် မော်ဒယ်လ်နှစ်မျိုးအား Samsung Myanmar မှ ယနေ့ ဇူလိုင်၁၀ရက်နေ့ Junction City မှာ မိတ်ဆက်ပေးခဲ့သည်။

"QLED TV မှာ မော်ဒယ်လ် နှစ်မျိုးနဲ့လာပါတယ် Q7F နဲ့ Q8C ဆိုပြီးလာပါတယ် ။ 7Fကတော့ မြန်မာပြည်ဈေးကွက်မှာ 55 inches၊ Q8Cမှာတော့ 65 inches ရယ် 75inchesရယ် နှစ်မျိုးလာပါတယ်   ဈေနူန်းတွေကတော့ ပျမ်းမျှအားဖြင့် သိန်း၄၀ကနေပြီးတော့ သိန်း၉၀အတွင်းမှာ Screen အပေါ်မူတည်ပြီးတော့ ကွဲပြားသွားပါလိမ့်မယ်ရှင်"ဟု Samsung Myanmar မှ TV Product Manager မမေဇင်မာမြင့်က ပြောသည်။

အဆိုပါအခမ်းအနား၌ Samsung Myanmar မှ အမှတ်တံဆိပ်သံတမန် သရုပ်ဆောင်အေးမြတ်သူနှင့် ဒါရိုက်တာအောင်မြတ်တို့က တက်ရောက်ပြီး ပွဲအခမ်းအနားမှူးအဖြစ် မော်ဒယ်လ် ဂုဏ်ရည်အေးကျော်က ဆောင်ရွက်ပေးခဲ့သည်။

" သဘာဝအရောင်အတိုင်း ထွက်စေမယ့် ရုပ်ထွက်တွေပါတယ်။ ကြည့်ရတဲ့သူအတွက် အသေးစိတ်တယ် ။ ပြီးတော့ဘောင်မပါဘူး ။ ရီမုဒ် တစ်ခုတည်းနဲ့ပဲအများကြီးလုပ်လို့ရတယ်။ ဒါကQLEDရဲ့ အားသာချက်တွေပေ့ါ "ဟု သရုပ်ဆောင် အေးမြတ်သူက ဆိုသည်။

Q LED တီဗီနှင့် တခြားသောတီဗီများနှင့် မတူညီသည့်အချက် သုံးချက်ရှိကြောင်း Samsung Myanmar မှ TV Product Manager မမေဇင်မာမြင့်က ရှင်းပြသည်။

"အဓိကကတော့ သုံးချက်ပေ့ါနော် Picture Qualityက တခြားတီဗီတွေနဲ့ လုံးဝကိုမတူဘူးပေါ့ အရာဝတ္တုတွေအကုန်လုံးကို ထင်ရှားပြတ်သားစွာနဲ့ မြင်ရမှာ ဖြစ်ပါတယ် ။ နောက်တစ်ခုကကျတော့ Q Style ၃၆၀တစ်ပိုင်းရှိတယ် ။ Border less ပေါ့ ။ ဒီတီဗီမှာဆိုရင် အနားကွပ်တွေလုံးဝမရှိတော့ဘူးပေါ့ ။ နောက်တစ်ခုကတော့အဓိကအားဖြင့် Invisible Connection Cable(ကြိုးပျောက်) သူက ဘာလဲဆိုတော့ ပုံမှန်တီဗီတွေမှာ ကြုံတွေ့နေရတာက ကေဘယ်ကြိုးတွေအရမ်းရှုပ်နေတယ် မိသားစုအနားယူတဲ့အခါလည်း ကေဘယ်ကြိုးတွေရှုပ်နေမယ် ။ ဧည့်ခန်းအထားအသိုမှလည်း မလှမပ အခြေအနေမျိုးတွေ ဖြစ်တတ်ပါတယ် ။ အဲဒီဟာကို ဒီဇိုင်းကိုအစ်မတို့က တီထွင်ပြီးတော့ လုံးဝကိုမမြင်ရတဲ့ ကေဘယ်ကြိုးလေးတစ်ကြိုးတည်းနဲ့ ဆက်သွယ်ပြီးတော့ တီဗီတစ်ခုလုံးကို အလုပ် လုပ်အောင်စီစဉ်ထားပါတယ် ။ အဲဒါကတော့ Q Styleပဲ ဖြစ်ပါတယ် ။ နောက်တစ်ခုကတော့ Q Smart သူကတော့ အဓိကအားဖြင့် နည်းပညာပိုင်းမှာတစ်ခြားဟာတွေနဲ့မတူအောင် လုပ်ထားပါတယ်။ ပုံမှန်ဆိုရင် ဘလူးရေးတို့ ဟက်ဒစ်တို့ ပလေးစတေရှင်တို့ အကုန်လုံးကို ရီမုကွန်ထိုးအကုန်လုံးနေရတဲ့ ကိစ္စတွေရှိတော့ အဲဒီဟာတွေအကုန်လုံးအဆင်ပြေသွားအောင် နောက်ဆုံး Q LED မှာ Q Smart ဖြစ်တဲ့အတွက် အကုန်လုံးကိုထိန်းချုပ်လို့ရအောင် Universal Remote ControL ဆိုပြီး အကုန်လုံးကို စီစဉ်ထားပါတယ်"ဟု Samsung Myanmar မှ TV Product Manager မမေဇင်မာမြင့်က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly