အာဆင်နယ်ဂိုးသမားဆက်ဇီနီ ဂျူဗင်တပ်စ်အသင်းသို့ရောက်ရန် နီးစပ်နေ

အာဆင်နယ်ဂိုးသမားဆက်ဇီနီ ဂျူဗင်တပ်စ်အသင်းသို့ရောက်ရန် နီးစပ်နေ

ဇူလိုင် ၁၀၊ အီတလီ ။              ။ အာဆင်နယ်ဂိုးသမားဆက်ဇီနီသည် စီးရီးအေချန်ပီယံဂျူဗင်တပ်စ်အသင်းသို့ရောက်ရှိရန် နီးစပ်နေပြီဟု အီတလီသတင်းစာများက ဖော်ပြခဲ့ကြသည်။

ပြီးခဲ့သည့် ရာသီ ၂ ခုက ရိုးမားအသင်းတွင်အငှားသွားရောက်ကစားခဲ့ပြီး လက်စွမ်းပြနိုင်သည့် ဆက်ဇီနီကို ဂျူဗင်တပ်စ်အသင်းက ဂိုးသမားဘတ်ဖွန်၏နေရာတွင် အစားထိုးရန် ခေါ်ယူလိုခြင်းဖြစ်သည်။ ဘတ်ဖွန်မှာ ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် ဘောလုံးသမားဘဝမှ အနားယူမည်ဟု ပြောဆိုထားသည်။

ဂျူဗင်တပ်စ်အသင်းသည် ဆက်ဇီနီကို လာမည့်အပတ်တွင် နောက်ဆုံးကမ်းလှမ်းမည်ပြုလုပ်မည်ဟု Corriere dello Sport နှင့် Sun Sport တို့က ဖော်ပြခဲ့ကြသည်။

ဆက်ဇီနီသည် အာဆင်နယ်အသင်း၏ ရာသီအကြိုခြေစမ်းပွဲခရီးစဉ် ကစားသမားစာရင်းတွင် ပါဝင်ခဲ့ခြင်းမရှိသောကြောင့် ဂျူဗင်တပ်စ်နှင့်အပြောင်းအရွှေ့မှာ ပိုပြီးဖြစ်နိုင်ဖွယ်ရှိလာခဲ့သည်။

အသက် ၂၇ နှစ်အရွယ်ရှိ ပိုလန်လက်ရွေးစင်ဂိုးသမားသည် အာဆင်နယ်အသင်းနှင့် ၂၀၁၈ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသေးသူဖြစ်သည်။ စာချုပ်သက်တမ်းမှာ တစ်နှစ်သာကျန်တော့သော်လည်း အာဆင်နယ်အသင်းက ဆက်ဇီနီအတွက် ပြောင်းရွှေ့ကြေး ယူရို ၁၈ သန်းအလိုရှိနေသည်။

ရည်ညွှန်း ဖွတ်ဘောအီတာလီယာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly