ရွန်နီ အဲဗာတန်အသင်းမှာ ကျောနံပါတ် (၁၀) ဝတ်ဆင်မည်

ရွန်နီ အဲဗာတန်အသင်းမှာ ကျောနံပါတ် (၁၀) ဝတ်ဆင်မည်

မန်ယူကို ပြောင်းရွှေ့သွားတဲ့ လူကာကူရဲ့ ကျောနံပါတ် (၁၀) ကို ဝိန်းရွန်နီက ဂူဒီဆင်ပါ့ခ်မှာ ဝတ်ဆင်သွားမှာဖြစ်တယ်လို့ အဲဗာတန်အသင်းက အတည်ပြုလိုက်ပါတယ်။

ရွန်နီဟာ မန်ယူမှာ (၁၃)နှစ်ကြာ ကစားခဲ့ပြီးနောက် အသင်းဟောင်း အဲဗာတန်ဆီ တနင်္ဂနွေနေ့က အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြန်လည်ပြောင်းရွှေ့သွားတာဖြစ်ပြီး အဲဗာတန်အသင်းရဲ့ ငယ်မွေးခြံပေါက် ကစားသမားလည်း ဖြစ်ပါတယ်။

အလားတူ လူကာကူအတွက် ပြောင်းရွှေ့ကြေး ပေါင် (၇၅) သန်းနဲ့ ခေါ်ယူရန် အဲဗာတန်အသင်းနဲ့ သဘောတူညီမှု ရရှိခဲ့ပြီလို့ မန်ယူအသင်းက တနင်္ဂနွေနေ့က အတည်ပြုခဲ့ပါတယ်။

၂၀၁၃-၂၀၁၄ ဘောလုံးရာသီမှာ မန်ယူနှင့် (၄)နှစ်စာချုပ်ချုပ်ခဲ့တဲ့  ရွန်နီရဲ့ စာချုပ်သက်တမ်းဟာ ကုန်ဆုံးခဲ့ပြီးနောက် ပီးခဲ့သည့်ရာသီမှာ (၁၅) ပွဲသာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့ပါတယ်။

၂၀၀၄ ခုနှစ်တွင် မန်ယူသို့ ပေါင် (၂၇)သန်းနဲ့ အဲဗာတန်လူငယ်ကစားသမား ဝိန်းရွန်နီ ရောက်ရှိခဲ့တာဖြစ်ပါတယ်။

ရွန်နီဟာ မန်ယူအသင်းမှာ (၅၅၉)ပွဲကစားခဲ့ရာမှာ စုစုပေါင်း (၂၅၃) ဂိုး သွင်းယူခဲ့ပြီး သူ့ရဲ့ ကစားသမားဘဝအစ အဲဗာတန်အသင်းအတွက် (၇၁) ပွဲမှာ (၁၅)ဂိုး သွင်းခဲ့ပါတယ်။

Ref; Goal

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags