မန်ယူတိုက်စစ်မှူး ရွန်နီ အဲဗာတန်သို့ ပြောင်းပြီ

မန်ယူတိုက်စစ်မှူး ရွန်နီ အဲဗာတန်သို့ ပြောင်းပြီ

မန်ချက်စတာယူနိုက်တက်ရဲ့ တိုက်စစ်မှူး ဝိန်းရွန်နီက သူ့ရဲ့ အသင်းဟောင်း အဲဗာတန်ကို ပြန်ခဲ့ပြီလို့ ဒီကနေ့ ဇူလိုင်လ ၉ ရက်၊ ညနေပိုင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းက တရားဝင် ထုတ်ပြန်လိုက်ပါတယ်။

ရွန်နီ မန်ချက်စတာယူနိုက်တက်မှာရှိနေစဉ်အတွင်း စွမ်းဆောင်ပေးခဲ့တာတွေအတွက် “ ငါတို့အားလုံးက မင်းကို ကျေးဇူးတင်ပါတယ် ” လို့ မန်ချက်စတာယူနိုက်တက်က ထုတ်ပြန်ပါတယ်။

ဒီအပြောင်းအရွှေ့ကို ဖြစ်နိုင်ဖွယ်ရှိတယ်လို့ အစောပိုင်းရက်တွေက သတင်းထွက်နေပေမယ့် အခုတော့ တကယ်ပြောင်းသွားခဲ့ပါပြီ။

မန်ယူတွင်(၁၃)နှစ်ကြာကစားခဲ့ပြီးနောက် အသင်းဟောင်းအဲဗာတန်သို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြန်လည်ပြောင်းရွှေ့သွားခြင်းဖြစ်ပြီး ရွန်နီက အဲဗာတန်အသင်းရဲ့ ငယ်မွေးခြံပေါက် ကစားသမားလည်း ဖြစ်ပါတယ်။

၂၀၁၃-၂၀၁၄ ဘောလုံးရာသီတွင် မန်ယူနှင့် ၄နှစ်စာချုပ်ချုပ်ခဲ့သော ရွန်နီ၏ စာချုပ်သက်တမ်းမှာ ကုန်ဆုံးခဲ့ပြီးနောက် ပီးခဲ့သည့်ရာသီတွင် ၁၅ ပွဲသာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့ပါတယ်။

၂၀၀၄ ခုနှစ်တွင် မန်ယူသို့ ပေါင်၂၇သန်းဖြင့် အဲဗာတန်လူငယ်ကစားသမား ဝိန်းရွန်နီ ရောက်ရှိခဲ့ခြင်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly