အေဂျက်ဇ်ကွင်းလယ်လူနိုရီကွင်းအတွင်းလဲကျပြီး ရဟတ်ယာဉ်ဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ရ

အေဂျက်ဇ်ကွင်းလယ်လူနိုရီကွင်းအတွင်းလဲကျပြီး ရဟတ်ယာဉ်ဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ရ

ဇူလိုင် ၉၊ အမ်စတာဒမ် ။            ။ အေဂျက်ဇ်ကွင်းလယ်ကစားသမား အဒယ်ဟက်နိုရီသည် ဝါဒါဘရီမင်နှင့်ကစားခဲ့သော ရာသီအကြိုခြေစမ်းပွဲစဉ်တွင် ကွင်းအတွင်းလဲကျခဲ့ပြီး ရဟတ်ယာဉ်ဖြင့်ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။

သြစတြီးယားနိုင်ငံတွင်ကစားခဲ့သော အေဂျက်ဇ်နှင့်ဝါဒါဘရီမင်တို့၏ ပွဲချိန်ဒုတိယပိုင်းတွင် အဆိုပါအဖြစ်အပျက်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ နိုရီ၏ဖြစ်ရပ်ကြောင့် ဒိုင်လူကြီးကို ခြေစမ်းပွဲကို ဆက်မကစားရန် ဆုံးဖြတ်ခဲ့သည်။

ကွင်းအတွင်းကုသမှုပြုလုပ်ခဲ့ပြီး အချိန်မှီဆေးရုံသို့ပို့ဆောင်နိုင်ခဲ့သောကြောင့် နိုရီမှာ အသက်အန္တရာယ်မှလွတ်ကင်းခဲ့သည်။ ဆေးရုံသို့ပို့ဆောင်ပြီး နာရီပိုင်းအကြာတွင် အေဂျက်ဇ်အသင်းက နိုရီအား အထူးကုသမှုများပြုလုပ်ခဲ့သည့်အတွက် အခြေအနေတည်ငြိမ်ကောင်းမွန်သွားပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

အသက် ၂၀ အရွယ်ရှိ နိုရီသည် ပြီးခဲ့သည့်ရာသီက အေဂျက်ဇ်အသင်းအတွက် ၁၅ ပွဲပါဝင်ကစားပေးခဲ့ပြီး တစ်ဂိုးသွင်းယူနိုင်ခဲ့သူ ဖြစ်သည်။ မန်ယူနှင့်ကစားခဲ့သည့် ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် အေဂျက်ဇ်အသင်း၏လူစာရင်း၌ပါဝင်ခဲ့သော်လည်း ပွဲထွက်ကစားခွင့် မရခဲ့သူ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly