ဘရက်ဒလေလော်ရီလေးအတွက် ဂျာမိန်းဒီဖိုးရဲ့နှုတ်ဆက်စကား

ဘရက်ဒလေလော်ရီလေးအတွက် ဂျာမိန်းဒီဖိုးရဲ့နှုတ်ဆက်စကား

ဇူလိုင် ၉၊ အင်္ဂလန် ။             ။ ဆန်းဒါးလန်းအသင်းရဲ့ လာဘ်ကောင်လေး ဘရက်ဒလေလော်ရီဟာ ကင်ဆာရောဂါကို တွန်းလှန်းရင်း ပြီးခဲ့တဲ့ ဇူလိုင်လ ၇ ရက်နေ့က ဆုံးပါးသွားခဲ့ပြီ ဖြစ်ပါတယ်။

အသက် ၆ နှစ်အရွယ်သာရှိသေးတဲ့ ဘရက်ဒလေလေးဟာ ဆန်းဒါးလန်းအသင်းရဲ့အမာခံပရိသတ်တစ်ဦးဖြစ်ပြီး တိုက်စစ်မှူးဂျာမိန်းဒီဖိုးနဲ့အလွန်ရင်းနှီးခဲ့တဲ့ သူငယ်ချင်းလေးဖြစ်ပါတယ်။

သူသေဆုံးသွားခဲ့တဲ့အတွက် ဘောလုံးလောကတစ်ခုလုံးဝမ်းနည်းခဲ့ကြပြီး ဖီဖာနဲ့ပရီးမီးယားလိဂ်ဘောလုံးအဖွဲ့ချုပ်တို့ကစတင်ပြီး အားလုံးဝမ်းနည်းစကားဆိုခဲ့ကြပါတယ်။

ဂျာမိန်းဒီဖိုးအတွက်ကတော့ ဘရက်ဒလေလေးရဲ့မိဘတွေနဲ့အတူ ထပ်တူခံစားခဲ့ရမှာ သေချာပါတယ်။ ဘရက်ဒလေလေးက ကျန်ရှိနေတဲ့သူ့ဘဝတစ်လျှောက်လုံး ရဲရဲရင့်ရင့်နဲ့သတ္တိရှိရှိနေထိုင်သွားဖို့ တွန်းအားဖြစ်စေပါလိမ့်မယ်လို့ ဒီဖိုးက ပြောပါတယ်။

ပြီးတော့ ဒီဖိုးက 'နှုတ်ဆက်ပါတယ်၊ သူငယ်ချင်းလေးရေ။ ငါမင်းကို အရမ်းသတိရနေမှာပါ။ ဘရက်ဒလေကို ကျွန်တော့်ဘဝထဲ ခေါ်ဆောင်ပေးခဲ့လို့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ ဘရက်ဒလေရေမင်းနဲ့အတူ အံ့အားသင့်ဖွယ်ရာကောင်းပြီး ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ အချိန်တွေကို ငါပိုင်ဆိုင်ခဲ့ရပါတယ်' လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။

ဘရက်ဒလေလေးဟာ အသက် ၁၈ လသားအရွယ်ကတည်းက အာရုံကြောဆိုင်ရာကင်ဆာဝေဒနာကို ခံစားခဲ့ရသူ ဖြစ်ပါတယ်။ 2016 ခုနှစ်က သူ့ကိုဆေးကုသဖို့အတွက် အလှူငွေ ပေါင် ၇ သိန်းကျော်ရရှိခဲ့ပေမယ့် ရှားပါးတဲ့သူ့ရဲ့ကင်ဆာရောဂါကို ကုသနိုင်ခြင်းမရှိဘဲ နောက်ဆုံးလောကကြီးကိုနှုတ်ဆက်သွားခဲ့တာ ဖြစ်ပါတယ်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly