Lifestyle trend and Movies

.

အလုပ်တွေအရမ်းကြိုးစားသလို၊ သင်တန်းတွေတက်ရတာ ဝါသနာပါတဲ့ မေရီတစ်ယောက် အခုတလော တော်တော်လေး ညည်းငြူနေပါတယ်။ သူမ စိတ်ညစ်နေရတာ အလုပ်ကြောင့် စိတ်ဖိစီးမှုတွေရှိနေတာကြောင့်လား၊ လုပ်ငန်းခွင် အဆင်မပြေလို့လား၊ စာတွေမလိုက်နိုင်လို့လား ဘယ်လိုတွေကြောင့်လဲ ….

ဒါတွေတစ်ခုမှ မဟုတ်ပါဘူး။ မေရီက ကိုရီးယားဇာတ်လမ်းတွဲ Crazy လေ။ Channel 7, မြဝတီ, 5 Plus စတဲ့ရုပ်သံလိုင်းတွေက လာတဲ့ ကိုရီးယားဇာတ်လမ်းတွဲတွေကို မလွတ်တမ်းအမြဲကြည့်တတ်တဲ့သူမ အခုတော့ အလုပ်များနေတဲ့အတွက် တီဗီရှေ့မှာ ထိုင်ပြီး ရုပ်ရှင်ကြည့်ဖို့ အချိန်မပေးနိုင်တော့ပါဘူး။

ခေတ်နဲ့အညီ ပြောင်းလဲလာတဲ့ နည်းပညာခေတ်ကြီးမှာ ကိုယ့်ရဲ့ ကျွမ်းကျင်မှုတွေ တိုးတက်ဖို့ တစ်ချိန်လုံးလေ့လာဖို့အချိန်ပေးနေရသလို တစ်ဖက်မှာလည်း ငွေကြေးအတွက် အလုပ်ကလည်း အရေးကြီးနေတယ်လေ။

ဒီတော့ မေရီ အရမ်းကြိုက်တဲ့ ကိုရီးယားဇာတ်လမ်းတွဲတွေကို သီးသန့်အချိန်ပေးပြီး ကြည့်စရာမလိုတဲ့ အကောင်းဆုံးနည်းလမ်းကို စဉ်းစားရပြီလေ။

မကြည့်လိုက်ရတဲ့ ကိုရီးယားဇာတ်လမ်းတွဲတွေကို ပြန်ကြည့်ဖို့ ဘယ်လိုနည်းက အကောင်းဆုံးလဲဆိုတာ စဉ်းစားရပြီလေ။

အခွေတွေဝယ်ကြည့်မလား ..။ အလုပ်တွေကတစ်ဖက်၊ သင်တန်းတွေက တစ်ဖက်နဲ့ဖြစ်နေတဲ့ မေရီတစ်ယောက် တီဗီရှေ့မှာ အခွေထိုင်ကြည့်ဖို့လည်း အဆင်မပြေပါဘူး။ အလုပ်ကပြန်တဲ့အချိန် နောက်ကျတော့ အိမ်ရောက်ရင်လည်း အိမ်အလုပ်နဲ့ သင်တန်းကပေးလိုက်တဲ့အိမ်စာတွေကလည်း ရှိသေးတယ်။ မေရီတို့က ကုမ္ပဏီဝန်ထမ်းဆိုတော့ တနင်္ဂနွေ တစ်ရက်တည်းပိတ်တယ်လေ။ ပိတ်ရက်မှာလည်း သင်တန်းက တက်ရသေးတယ်ဆိုတော့ အခွေဝယ်ကြည့်ဖို့ကလည်း အဆင်မပြေပြန်ဘူး။ ဒီကြားထဲ အခွေတွေက ထစ်တာ ရုပ်သံကွာလတီမမီတာတွေနဲ့ကြုံရရင် ထပ်ပြီး စိတ်ညစ်ရဦးမယ်လေ။  

ဒီလိုစိတ်ညစ်နေတဲ့အချိန်မှာပဲ ဖေ့စ်ဘုတ်သုံးနေရင်း ကြော်ငြာတစ်ခုကို တွေ့လိုက်ရလို့ မေရီအရမ်းကို ပျော်သွားပါတယ်။ အဲ့ဒါဘာလဲဆိုတော့ နိုင်ငံတကာ ဇာတ်လမ်းတွဲတွေကို တစ်နေရာတည်းမှာ ရနိုင်တဲ့ iflix က အင်တာနက်မြန်နှုန်း 4G ရနေတဲ့ အူရီဒူးနဲ့ ပူးပေါင်းလိုက်ပြီတဲ့။

ဒီလိုပူးပေါင်းရုံတင်မကဘူး iflix ၆လ လစဉ်ကြေးပေးစရာမလိုဘဲကြည့်ရှုခွင့်ရမယ့်အပြင်  အခမဲ့ဒေတာ 6GB ကိုလည်း ရဦးမှာဆိုပဲ။ ကြော်ငြာမှာရေးထားပုံအရဆိုရင်တော့ အူရီဒူးကိုသုံးပြီး iflix Application ကို ဒေါင်းလုတ်လုပ်လိုက်တာနဲ့ iflix အတွက် ၆လစာ လစဉ်ကြေးပေးစရာမလိုတဲ့အပြင် တစ်လကို ရုပ်ရှင်ကြည့်ဖို့ အင်တာနက် ဒေတာ 1 GB နဲ့ ၆လစာ 6 GB free ရမှာတဲ့။

Iflix မှာဆိုရင် ကိုရီးယားဇာတ်လမ်းတွဲတွေတင်မရဘဲနဲ့ Hollywood , Bollywood က Movie တွေ Drama, Action, ဟာသ, သရဲကားတွေကို မြန်မာစာတန်းထိုး HD ကွာလတီနဲ့ကြည့်လို့ရတဲ့အပြင် မြန်မာဇာတ်လမ်းတွဲတွေလည်း တင်နေပြီတဲ့။ ဒီတော့ ရုံးသွား၊ ရုံးပြန် ကားပေါ်မှာလည်းကြည့်လို့ရမယ်။ အိပ်ယာထဲမှာလည်း ဖုန်းလေးနဲ့ ကြည့်လို့ အဆင်ပြေတော့ အားလပ်ချိန်နည်းလွန်းပြီး ရုပ်ရှင်ကြိုက်လွန်းတဲ့ မေရီ့အတွက်တော့ ရှယ်ပဲ!

အူရီဒူးကလည်း မြန်နှုန်းအလွန်မြင့်တဲ့ 4G အင်တာနက်စနစ်ရှိနေပြီ။ Ooredoo ရဲ့ 4G အင်တာနက် ကွန်ယက်စနစ်ဟာ အင်တာနက်က ရုပ်သံတွဲတွေကိုပင် ပြတ်တောက်သွားခြင်းမရှိ၊ ရုပ်သံ ကြည်ကြည်လင်လင်နဲ့ ကြည့်နိုင်တဲ့အထိ ကြည့်နိုင်မယ်ဆိုတော့ ကဲ… ဘာလိုသေးလဲလို့တောင် ပြောလို့ရပြီပေါ့။

Tags: