၀ိန်းရွန်နီ လာမည့် ၄၈နာရီအတွင်း အသင်းဟောင်း အဲဗာတန်သို့ ပြောင်းရွှေ့ဖွယ်ရှိ

၀ိန်းရွန်နီ လာမည့် ၄၈နာရီအတွင်း အသင်းဟောင်း အဲဗာတန်သို့ ပြောင်းရွှေ့ဖွယ်ရှိ

ဇူလိုင် ၈ ။                ။ မန်ယူတိုက်စစ်မှုး ဝိန်းရွန်နီ လာမည့် ၄၈နာရီအတွင်း အဲဗာတန်သို့ ပြောင်းရွှေ့ဖွယ်ရှိကြောင်း BBC အပါအဝင် အင်္ဂလန်မီဒီယာများက ဖော်ပြထားသည်။

မန်ယူတွင်(၁၃)နှစ်ကြာကစားခဲ့ပြီးနောက် အသင်းဟောင်းအဲဗာတန်သို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရွန်နီပြန်လည်ပြောင်းရွှေ့ရန် နီးစပ်နေပြီဖြစ်ကြောင်း ဖော်ပြထားသည်။ အသက်၃၁နှစ်အရွယ် ရွန်နီ၏ အပြောင်းအရွေ့သည် အဲဗာတန်တိုက်စစ်မှူး လူကာကူမန်ယူသို့ ပြောင်းရွှေ့ခြင်းနှင့် မသက်ဆိုင်ကြောင်းလည်း သိရသည်။ လက်ရှိထွက်ပေါ်နေသော သတင်းများအရ ရွန်နီအနေဖြင့် မန်ယူ၏ ရာသီအကြို အမေရိကခြေစမ်းပွဲခရီးစဉ်များတွင် ပါဝင်နိုင်ဖွယ် မရှိတော့ပေ။

၂၀၁၃-၂၀၁၄လောလုံးရာသီတွင် မန်ယူနှင့် ၄နှစ်စာချုပ်ချုပ်ခဲ့သောရွန်နီ၏စာချုပ်သက်တမ်းမှာ ကုန်ဆုံးတော့မည်ဖြစ်သည်။ ရွန်နီအနေဖြင့် ပြီးခဲ့သည့်ရာသီတွင် ၁၅ ပွဲသာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့ပြီး ၎င်း၏အပြောင်းအရွှေ့နှင့်ပတ်သက်သည့် ခန့်မှန်းပြောဆိုမှုများ ထွက်ပေါ်နေသည်မှာ လပေါင်းများစွာ ရှိပြီဖြစ်သည်။

ပြီးခဲ့သည့်မေလ အင်တာဗျူးတစ်ခုတွင် ရွန်နီက မန်ယူတွင် ၁၃နှစ်ကြာ ကစားခဲ့သော်လည်း ဘောလုံးဆက်ကစားချင်သေးကြောင်း ဖွင့်ဟထားသည်။ အဲဗာတန်လူငယ်ကစားသမား ရွန်နီသည် ၂၀၀၄ ခုနှစ်တွင် မန်ယူသို့ ပေါင်၂၇သန်းဖြင့် ရောက်ရှိခဲ့ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly