အာဆင်နယ်တိုက်စစ်မှူး ယာယာဆာနိုဂိုကို တူးလော့စ်အသင်းခေါ်ယူ

အာဆင်နယ်တိုက်စစ်မှူး ယာယာဆာနိုဂိုကို တူးလော့စ်အသင်းခေါ်ယူ

ဇူလိုင် ၈၊ လန်ဒန်။               ။ အာဆင်နယ်အသင်းမှ ပြင်သစ်လူငယ်တိုက်စစ်မှူး ယာယာဆာနိုဂို ကို ပြင်သစ်လီဂူးကလပ် တူးလော့စ်အသင်းက အပြီးသတ်ခေါ်ယူခဲ့သည်။

ယာယာဆာနိုဂိုမှာ ၂၀၁၃ဘောလုံးရာသီကတည်းက ပြင်သစ်ကလပ် အော်ဇရီအသင်းမှ အာဆင်နယ်သို့ ပြောင်းလာပြီးနောက် အာဆင်နယ်အသင်းအတွက် လေးရာသီပေါင်း ပွဲ ၂၀ သာကစားခွင့်ရခဲ့ပြီး ၄ ဂိုးသာသွင်းယူနိုင်ခဲ့သည်။ တူးလော့စ်အသင်းသည် ဆာနိုဂိုကို သုံးနှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး အသင်းပွဲထွက်စာရင်းတွင် အသုံးပြုမည့် ကတိကိုလည်း စာချုပ်တွင် ထည့်ချုပ်ခဲ့သည်။

ဆာနိုဂိုမှာ အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့ပြီးနောက်ပိုင်း အငှားကစားသမားအဖြစ် အေဂျက်ဇ်၊ ခရစ္စတယ်ပဲလေ့စ်၊ ချာလ်တန်အသင်းများတွင် သွားရောက်ကစားခဲ့သည်။ အာဆင်နယ်အသင်းမှာ ယခုနှစ်အပြောင်းအရွှေ့ဈေးကွက်အတွင်း ပြင်သစ်တိုက်စစ်မှူး လာဇက်တီကို ခေါ်ယူပြီးနောက် အသင်းမှ တိုက်စစ်မှူးများဖြစ်သော ဂီရော့ဒ်၊ လူးကပ်စ်ပီးရက်စ်တို့ကိုလည်း ရောင်းချရန် စီစဉ်နေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly