မြောက်ကိုရီးယားမူဝါဒရေးရာ အထူးကိုယ်စားလှယ် သံအမတ်ကြီး ဂျိုးဇက်ယွန်း မြန်မာနိုင်ငံလာမည်

မြောက်ကိုရီးယားမူဝါဒရေးရာ အထူးကိုယ်စားလှယ် သံအမတ်ကြီး ဂျိုးဇက်ယွန်း မြန်မာနိုင်ငံလာမည်
Photo - AFP
 

ရန်ကုန်၊ ဇူလိုင် ၆ ။            ။  အမေရိကန်နိုင်ငံ၏ မြောက်ကိုရီးယားမူဝါဒရေးရာ အထူးကိုယ်စားလှယ် သံအမတ်ကြီး ဂျိုးဇက်ယွန်းသည် ဇူလိုင်လ ၁၁ ရက်မှ ၁၈ရက်အတွင်း စင်ကာပူနိုင်ငံနှင့်   မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူရုံးမှ  ဇူလိုင်လ ၅ ရက်က ထုတ်ပြန်ထားသည်။

သံအမတ်ကြီးယွန်းသည် မြန်မာနိုင်ငံခရီးစဉ်အတွင်း နိုင်ငံတော်အကြီးတန်းတာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံသွားမည်ဖြစ်ပြီး  စင်ကာပူနိုင်ငံခရီးစဉ်၌ အရှေ့မြောက်အာရှ ပူးပေါင်းဆောင်ရွက်ရေး   ဆွေးနွေးပွဲ (NENCC) ကို တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။  

NENCC ဆွေးနွေးပွဲသည် အမေရိကန်တာဝန်ရှိပုဂ္ဂိုလ်များ နှစ်စဉ်ပုံမှန်တက်ရောက်သော အခြေတည်နေပြီဖြစ်သည့် အလွတ်သဘောညီလာခံတစ်ခုဖြစ်သည်။

သံအမတ်ကြီးယွန်းသည် ဇူလိုင်လ ၁၉ ရက်တွင် ဝါရှင်တန်ဒီစီသို့ပြန်လည်ထွက်ခွာပါမည်ဖြစ်ကြောင်းသိရသည်။

သံမတ်ကြီးယန်းကို မြောက်ကိုရီးယား မူဝါဒရေးရာအထူးကိုယ်စားလှယ်အဖြစ် ၂၀၁၆ခုနှစ် အောက်တိုဘာတွင် စတင်ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ၂၀၁၃-၂၀၁၆ အတွင်း မလေးရှားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းခဲ့ပြီး အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဗျူရိုတွင် အကြီးတန်းလက်ထောက်နိုင်ငံခြားရေးဝန်ကြီးအကူအဖြစ်လည်း တာဝန်ထမ်းဆောင်လျက်ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly