လွှတ်တော်ကိုယ်စားလှယ်လောင်း ၂ ဦးကို အရည်အချင်းပျက်ယွင်းသူအဖြစ်သတ်မှတ်

လွှတ်တော်ကိုယ်စားလှယ်လောင်း ၂ ဦးကို အရည်အချင်းပျက်ယွင်းသူအဖြစ်သတ်မှတ်

 

ရန်ကုန်၊ ဇူလိုင် ၆ ။           ။ ရွေးကောက်ပွဲ ကုန်ကျစရိတ်စာရင်းအား သတ်မှတ်ရက်အတွင်း တင်သွင်းနိုင်ခြင်းမရှိသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ၂ ဦးကို အရည်အချင်း  ပျက်ယွင်းသူများအဖြစ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေငြာလိုက်သည်။

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်သည့် ဦးဇော်ထွန်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ဦးညွန့်လှိုင်တို့မှာ ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းအား သတ်မှတ်ရက်အတွင်း တင်သွင်းရန်ပျက်ကွက်ခဲ့ခြင်းလည်းဖြစ်သည်။

ကိုယ်စားလှယ်လောင်း ၂ဦးကို အရည်အချင်းပျက်ယွင်းသူများအဖြစ်သတ်မှတ်ရန် သင့်/မသင့်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ ခုံအဖွဲ့  ၃ဖွဲ့ ဖွဲ့စည်းကာ စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်းလည်း ကော်မရှင်၏ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲခုံအဖွဲ့၏အစီရင်ခံစာများကို စိစစ်၍ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၈၄ အရ အထက်ပါ လွှတ်တော်ကိုယ်စားလှယ်လောင်းနှစ်ဦးကို အရည်အချင်းပျက်ယွင်းသူများအဖြစ် ကြေငြာခြင်းဖြစ်ကြောင်း ဇူလိုင် ၅ရက်က ထုတ်ပြန်ခဲ့သည်။

အရည်အချင်းပျက်ယွင်းသူများဖြစ်ကြောင်း ကြေငြာခံရသည့် လွှတ်တာ်ကိုယ်စား လှယ်လောင်းများသည် သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၈၈(ဂ) အရ ကြေငြာသည့်နေ့မှစ၍ လက်ရှိလွှတ်တော်သက်တမ်းအတွင်းကျင်းပသည့် ရွေးကောက်ပွဲများတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့်မရှိတော့ကြောင်း ကြေငြာချက်တွင်ရေးသားထားသည်။

ဧပြီ ၁ ရက်က ကတင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းတိုင်းသည် ရွေးကောက်တင်မြောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ် အမည်စရင်း ကြေငြာသည့်နေ့မှစ၍ ရက်ပေါင်း ၃၀ အတွင်း ရွေးကောက်ပွဲ ကုန်ကျစရိတ်စရင်းကို ဥပဒေသတ်မှတ်ချက်နှင့် အညီ သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲကို တင်သွင်းရမည်လည်းဖြစ်သည်။

သို့သော် နောက်လာမည့် လွှတ်တော်အသစ် သက်တမ်းများတွင်မှု ပါဝင်ယှဉ်ပြိုင်ခွင့်ရှိသည်ဟု ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများတွင် ဖော်ပြထားသည်။

ရွေးကောက်ပွဲတွင် ပါတီ ၂၄ ခုနှင့် တစ်သီးပုဂ္ဂလမှ ဝင်ရောက်ပြိုင်သူ စုစုပေါင်း ကိုယ်စားလှယ် ၉၅ ဦးရှိခဲ့သည်ဟု ပြည်ထောင်စုရွေးကောက်ပ ွဲကော်မရှင်က ၂၀၁၆ ဒီဇင်ဘာလတွင် ထုတ်ပြန်သည့် ကြေညာချက်အရ သိရသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly