အခင်းဖြစ်ပွားစဉ်က အသက်မပြည့်သေးသူတစ်ယောက်ကို နှိပ်စက်ဝန်ခံခိုင်း၍ ပါကစ္စတန်က ကြိုးပေးကွပ်မျက်ပစ်ခဲ့ဟု လူ့အခွင့်အရေးအုပ်စုများ ကပြောကြား

အခင်းဖြစ်ပွားစဉ်က အသက်မပြည့်သေးသူတစ်ယောက်ကို နှိပ်စက်ဝန်ခံခိုင်း၍ ပါကစ္စတန်က ကြိုးပေးကွပ်မျက်ပစ်ခဲ့ဟု လူ့အခွင့်အရေးအုပ်စုများ ကပြောကြား

အစ္စလာမ္မာဘတ်၊ သြဂုတ် - ၅ ။        ။ ရှေ့နေများက လူသတ်မှုကျူးလွန်ကြောင်း ဝန်ခံလာစေရန် နှိပ်စက်ညှင်းပန်းခဲ့သည့်အပြင် အခင်းဖြစ်ပွားချိန်က အသက်မပြည့်သေး သူတစ်ယောက်မျှသာဖြစ်သည့် အမျိုးသားတစ်ဦး ကိုပြည်တွင်းပြည်ပမှ လူ့အခွင့်အရေးအုပ်စုများက မေတ္တာရပ်ခံတောင်းပန်နေသည့်ကြားမှပင် ပါကစ္စတန်နိုင်ငံက သြဂုတ်လ၄ရက်နေ့ အစောပိုင်းက ကြိုးပေးကွပ်မျက်ခဲ့သည်။

ကြိုးပေးကွပ်မျက်ခံရသည့် အမျိုးသားရှပ်ဖကတ် ဟက်ဆိန်း၏ အမှုမှာ ပါကစ္စတန်တွင် ပါကစ္စတန်တွင် လူအများစိတ်ဝင်တစား အငြင်းပွားရသည့် အမှုတစ်ခုဖြစ်လာခဲ့ပြီး လူ့အခွင့်အရေး အုပ်စုများကနိုင်ငံ၏ မှားယွင်းနေသော တရားစီရင်ရေးစနစ်၏ ထင်ရှားသည့်ဥပမာတစ်ခုအဖြစ် ပုံဖော်ကြသကဲ့သို့ သေဒဏ်ကို ပယ်ဖျက်ပေး ရန်ပြန်လည်တောင်းဆိုမှုများလည်း ပေါ်ထွက်လာခဲ့သည်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးနှင့် လူ့အခွင့်အရေးအုပ်စုတစ်စု၏ ပြောကြားချက်အရ ဒီဇင်ဘာလက သုတ်သင်ကွပ်မျက်မှုကို ပိတ်ပင်ထားသည်ကို ဖယ်ရှားလိုက်ပြီးနောက်ပိုင်း တွင်ပါကစ္စတန် ကလူပေါင်း ၂၀၀ကျော်ကို သေဒဏ်ဖြင့် ကွပ်မျက်လာခဲ့သည်ဟု ဆိုသည်။

ညစောင့်တစ်ဦးဖြစ်သည့် ဟက်ဆိန်းမှာ ၂၀၀၄ခုနှစ်က ပါကစ္စတန်၏ အကြီးဆုံးမြို့ဖြစ်သည့် ကရာချိတွင် ၇နှစ်အရွယ် ကလေးတစ်ယောက် ကိုပြန်ပေးဆွဲကာ ရွေးကြေးတောင်းခံခဲ့ ပြီးနောက် သတ်ဖြတ် မှုဖြင့် သေဒဏ်ကျခံရသူဖြစ်သည်။

သေဒဏ်ကို ဟက်ဆိန်းက ရဲတပ်ဖွဲ့သို့ ပြောပြသည့်ဖြောင့်ချက်များအပေါ်တွင် အခြေခံ၍ ချမှတ်ခြင်းဖြစ်သော်လည်း ဟက်ဆိန်း၏ အမှုကို ကိုင်တွယ်သည့် လူ့အခွင့်အရေးနှင့်ဆိုင်သည့် အမှုများကို အထူးပြုကိုင်တွယ်သည့် ဥပဒေလုပ်ငန်းတစ်ခုဖြစ်သော Justice Project Pakistan ကမူ ဟက်ဆိန်းမှာ နှိပ်စက်ညှဉ်းပန်းခံရ၍သာ လူသတ်မှုကျူးလွန်ကြောင်း ဝန်ခံရခြင်းဖြစ် သည်ဟု ပြောကြားခဲ့သည်။

ဟက်ဆိန်း၏ ရှေ့နေများကလည်း သေဒဏ်ချမှတ်ခံရချိန်တွင် ဟက်ဆိန်းမှာ ၁၈နှစ် မပြည့်သေးသောကြောင့် ဥပဒေအရ သေဒဏ်အပြစ်ဒဏ်အတွက် တရားမဝင်ကြောင်းပြောကြားခဲ့ကြ သည်။

ပါကစ္စတန် ပြည်ထဲရေးဝန်ကြီးဌာနကမူ အသက်မပြည့်သေးကြောင်း ပြောဆိုချက်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးချိန်တွင် ဟက်ဆိန်းမှာ ၂၃နှစ်ရှိပြီဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်ဟု ပြောကြားခဲ့သည်။

ဟက်ဆိန်းကို ကရာချိမှ အကျဉ်းထောင်တစ်ခုတွင် ကြိုးပေးကွပ်မျက်ခဲ့ရာ မကွပ်မျက်မီတွင် မိသားစုဝင်များနှင့်တွေ့ဆုံ ခွင့်ပေးခဲ့သည် ဟုထောင်အာဏာပိုင်များက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly