မြန်မာလုပ်သားများအား အတတ်နိုင်ဆုံုး စောင့်ရှောက်ရန် နိုင်ငံတော် သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ညွှန်ကြားထား

မြန်မာလုပ်သားများအား အတတ်နိုင်ဆုံုး စောင့်ရှောက်ရန် နိုင်ငံတော် သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ညွှန်ကြားထား
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော် ၊ ဇူလိုင် ၅ ။           ။ မြန်မာရွှေ့ပြောင်းလုပ်သားများနဲ့ပတ်သက်ပြီး တရားဝင်လုပ်သားဖြစ်စေ၊ တရားမဝင်လုပ်သားဖြစ်စေ အတတ်နိုင်ဆုံး စောင့်ရှောက်ပေးရန် နိုင်ငံတော် သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ညွှန်ကြားထားသည်ဟု ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောသည်။

“ရွှေ့ပြောင်းလုပ်သားနဲ့ ပတ်သက်ပြီးတော့မှ နိုင်ငံတော်၏ ပေါ်လစီ နိုင်ငံတော်သမ္မတကြီး အတိုင်ပင် ခံ ပေါ်လစီက ကိုယ့်နိုင်ငံသားတွေ တရားဝင်လုပ်သားဖြစ်စေ တရားမဝင်လုပ်သားဖြစ်စေ၊ နိုင်ငံတော် အနေနဲ့ အတတ်နိုင်ဆုံး စောင့်ရှောက်ရမယ် အကာကွယ်ပေးရမယ်။  ဒါကိုသက်ဆိုင်ရာနယ်စပ်ဦးစီးအသီးသီးလည်း ထုတ်ပြန်ထားပါတယ်” ဟု အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောသည်။

ဇူလိုင်လ ၅ ရက်နေ့နေ့လည်ပိုင်းက အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနတွင်ကျင်းပသော ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုဝန်ကြီးက  ပြောခြင်းဖြစ်သည်။

အလားတူ ထိုင်းနိုင်ငံရှိ CI ထုတ်ပေးရေးစခန်းများနှင့် Passport ထုတ်ပေးရေး စခန်းများတွင်လည်း နိုင်ငံသားများ၊ တိုင်းရင်းသားများကိုလည်း  အကုန်ကျစရိတ်အသက်သာဆုံးနဲ့ လွယ်လွယ်ကူကူ   ချောချောမွေ့မွေ့ဖြစ်အောင် ညွှန်ကြားထားသည့် အတွက် စစ်ဆေးမှုများကို အမြန်ဆုံးဖြစ်အောင် ပြည်ထဲရေး ဝန်ကြီးဌာန ၊ SB စသုံးလုံး၊ CID၊ လဝက တို့နဲ့ပူးပေါင်းပြီး   ဆောင်ရွက်ပေးနေကြောင်း   ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဆိုသည်။

ဆက်လက်ပြီး သက်ဆိုင်ရာနိုင်ငံများသို့ သွားရောက်သည့်အခါတွင်လည်း ယင်းနိုင်ငံများ၏ ဥပဒေများကို နိုင်ငံသားများ အနေနဲ့ လေးစားလိုက်နာရန်နှင့် ပြည်တွင်းတွင်လည်း အလုပ်အကိုင် အခွင့်အလမ်းပေါများအောင် ဆောင်ရွက်နေကြောင်းပြောသည်။

ဇွန်လ နောက်ဆုံးပတ်က ဖြစ်ပွားခဲ့သည့် ထိုင်းနိုငံအစိုးရ ဥပဒေသစ်အရ အရေးယူဆောင်ရွက်ရာတွင် “အခုမကြာသေးမှီက ကျွန်တော်တို့ ဇွန်လ နောက်ဆုံးအပတ်က ဖြစ်ပွားခဲ့တဲ့ ထိုင်းနိုင်ငံ ဥပဒေ အသစ်အရ အရေးယူတဲ့ ကိစ္စတွေနဲ့ ပတ်သတ်ပြီး ကျွန်တော်တို့ နိုင်ငံက ပြောင်းရွှေ့လုပ်သားတွေ တချို့ကတရားဝင်သွားတာတွေပါပါတယ်။ တချို့လည်း ပဲ အထောက်အထားမရှိတဲ့ တရားမဝင်သွားရောက် တဲ့ လုပ်သားတွေလည်းပါပါတယ်။ အဲ့ဒီအလုပ်သမားတော်တော်များများ ပြန်လည်ရောက်ရှိလာပါပြီ။"ဟု ဆိုသည်။

ယနေ့နံနက် ၁၀ နာရီချိန်ထိ ဂိတ်ပေါင်းစုံမှ တဆင့် မြန်မာနိုင်ငံတွင်းကို ပြန်လည်ဝင်ရောက်လာတဲ့ လုပ်သားစုစုပေါင်းဟာ ၃၀၄၆၉ ယောက်ရှိပြီး ထိုလူများထဲတွင် MOU နဲ့သွားပြီး အထောက်အထား   ပြည့်စုံသော အလုပ်သမားများပါသလို တချို့သည်လည်း အထောက်အထားမပြည့်စုံသော လုပ်သားများပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောသည်။

အဆိုပါ ထိုင်းဥပဒေသစ်တွင်းပါသည့် အလုပ်ရှင်များနှင့် တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများ အတွက် ပြင်းထန်ပြီးကြီးမာတဲ့ ငွေးကြေး များနဲ့ နောင်လာမည့် ငါးနှစ်အထိ ချမှတ်နိုင်မယ့် ဥပဒေများ ပါဝင်လာမှာဖြစ်ကြောင်း သိရသည်။

ထို့အတွက်ကြောင့်  အဆိုပါ ဥပဒေအတည်မဖြစ်ခင်ကာများတွင် တရားမဝင်ဖြစ်သည့် ပုဂ္ဂိုလ်များကို တရားဝင်ဖြစ်စေရန်နှင့် အလုပ်ရှင်၊ အလုပ်ဌာန လွဲမှား နေသည်များကို ထိုင်းဘာသာစကားနှင့် ထုတ်လွှင့်သောရေဒီယိုလိုင်းများ ၊ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနရော၊ အလုပ်သမားဝန်ကြီးဌာန ကပါ သတ်မှတ်ထားသော အချက်လက်များနဲ့ပြည့်စုံစေရန် လုပ်ဆောင်ဖို့ ထိုင်းနိုင်ငံရှိ မှာရှိတဲ့ သံအမတ်ဦးဆောင်တဲ့  သံရုံးအဖွဲ့များအပါအဝင် အလုပ်သမား သံ အရာရှိများကပါ ကြေညာခဲ့သော်လည်း အလုပ်သမားတချို့သာ ဥပဒေနဲ့ညီအောင် စာရွက်စာတမ်း အထောက်အထားလုပ်သည် ဆိုပေမယ့်လည်း အချို့မှာလည်း ဘာသာစကားအခက်အခဲ ၊ တခြားလုပ်ငန်းဆောင်တာများတွင်အရေးကြီးနေသောကြောင့်ယခု ဘက်ကို အလေးမထားနိုင်ခြင်းကြောင့်ဖြစ်သည်   ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

အဆိုပါ အထောက်အထားမပြည့်စုံသူ ရွှေ့ပြောင်းလုပ်သားများကို ဇွန်လ၂၂ ရက်မှ စတင်ဖမ်းဆီးခဲ့သော်လည်း ဇွန်လ ၂၉ရက်တွင် ဖမ်းဆီးခြင်းရပ်နားခဲ့ပြီး ၂၀၁၇ နှစ်ကုန်အထိ ခြောက်လတာ ဖမ်းဆီးခြင်း ရပ်နားမည်ဖြစ်ပြီး အဆိုပါရက်ပေါင်း ၁၈၀ အတွင်း တရားဝင် အလုပ်သမားဖြစ်စေရန် လိုအပ်သည့် စာရွက် စာတမ်းများ Passport များလုပ်ဆောင်ထားရန် တရားဝင်ထုတ်ပြန်ထားသည်ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly