မင်္ဂလာသတင်းနှင့်ပတ်သက်၍ ပရိသတ်များကို တရားဝင်အသိပေးခဲ့ကြသည့် ဆောင်ဂျွန်ကီနှင့် ဆောင်းဟေကို

မင်္ဂလာသတင်းနှင့်ပတ်သက်၍ ပရိသတ်များကို တရားဝင်အသိပေးခဲ့ကြသည့် ဆောင်ဂျွန်ကီနှင့် ဆောင်းဟေကို

မင်းသားဆောင်ဂျွန်ကီနှင့် မင်းသမီးဆောင်းဟေကိုတို့သည် သူတို့၏မင်္ဂလာသတင်းနှင့် ပက်သက်၍ ပရိသတ် များကို အွန်လိုင်းမှတဆင့် တရားဝင်အသိပေးခဲ့ကြသည်။

ဆောင်ဂျွန်ကီက “ ကျနော့်ကို အောင်မြင်မှုရရှိစေမယ့် ဇာတ်လမ်းတွဲတစ်ခုမှာ မကြာသေးခင်က ကျနော်ပါဝင် ခွင့်ရရှိခဲ့ပါတယ်။ ကျနော့်အတွက်တော့ အံ့သြဖွယ်ရာ အတွေ့အကြုံတွေကို ရရှိခဲ့ယုံသာမက ပရိသတ်များထံမှ မေတ္တာများလည်း ရရှိခဲ့ပါတယ်။ ရုပ်ရှင်ရိုက်ကူးစဉ်မှာပဲ ကျနော့်ရဲ့ ချစ်သူဖြစ်လာမယ့် သူငယ်ချင်းကောင်းတစ်ဦးကို ကျနော်ရရှိခဲ့ပါသေးတယ်။

၂၀၁၇ နှစ်စပိုင်းမှာ ကျနော်တို့နှစ်ယောက်ဟာ ဘဝတစ်ခုကို အတူတကွဖြတ်သန်းကြမယ်လို့ ကတိတွေပေးခဲ့ ကြပါတယ်။ ဘဝသစ်စဖို့ဆိုရင် ခက်ခဲတဲ့အချိန်တွေကိုလည်း အတူတကွဖြတ်ကျော်နိုင်ရမှာပါ။ ကျနော်နဲ့ ဆောင်းဟေကိုတို့ဟာ လာမည့်အောက်တိုဘာလ ၃၁ရက်နေ့မှာ လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်” ဟု ရေးသားကာ အသိပေးခဲ့သည်။

ဒါ့အပြင်သူက “ အခုလိုရုတ်တရက် ထွက်ပေါ်လာတဲ့သတင်းကြောင့် ပရိသတ်တွေစိတ်ထဲမှာ တစ်မျိုးတော့ဖြစ် သွားနိုင်ပါတယ်။ ဒီသတင်းကို အစောကြီးကတည်းက လူတိုင်းကို အသိပေးချင်ပေမယ့်   နှစ်ဖက်အသိုင်းအဝိုင်းကို လေးစားရမှာဖြစ်တာကြောင့် သတိထားနေခဲ့ရတာပါ။ ကျနော်ကောင်းမွန်တဲ့ မင်းသားတစ်ဦးအဖြစ်ရော၊ အိမ်ထောင်ဦးစီးကောင်း တစ်ယောက်အဖြစ်နဲ့ပါ ဆက်လက်နေထိုင်သွားမယ်လို့ ကတိပေးပါတယ်။ ကျနော့်တို့ နှစ်ယောက်ကို ဆက်လက်အားပေးဖို့ မျှော်လင့်ပါတယ်။ ကျေးဇူးတင်ပါတယ်” ဟု ဆက်လက်ရေးသားခဲ့သည်။

ဆောင်းဟေကိုကလည်း “ ရုတ်တရက်ထွက်ပေါ်လာတဲ့ သတင်းနဲ့ပက်သက်ပြီး ရှင်တို့အားလုံး အံ့သြနေကြမယ် ထင်ပါတယ်။ ပထမဦးဆုံးအနေနဲ့ ပြောချင်တာက ဂျွန်ကီဟာ ကျမရဲ့ လုပ်ဖော်ကိုင်ဖက်ကောင်းတစ်ဦး ဖြစ်ခဲ့ပါ တယ်။ ရုပ်ရှင်ရိုက်ကူးနေစဉ်အတွင်းမှာပဲ ကျမတို့ကြားမှာ စံတန်ဖိုးထားပုံခြင်း တူညီကြတာကြောင့် ဘာမဆို ပြောဆိုတိုင်ပင်လို့ ရခဲ့ပါတယ်။ ကျမတို့ဟာ လုပ်ဖော်ကိုင်ဖက်ကောင်းတွေအပြင် သူငယ်ချင်းကောင်းတွေပါ ဖြစ်ခဲ့ကြတာပါ။ ဇာတ်လမ်းတွဲပြီးတော့လည်း အဆက်အသွယ်တွေ ရှိနေခဲ့ကြပါတယ်။

အချိန်တွေကြာလာတာနဲ့အမျှ ကျမအပေါ်မှာထားတဲ့ ဂျွန်ကီရဲ့ ယုံကြည်မှုနဲ့ သစ္စာရှိမှုကြောင့် အနာဂတ်မှာ သူနဲ့ အတူလက်တွဲဖို့ စိတ်ကူးကြည့်လာမိပါတယ်။ သူဟာ ကျမအပေါ်မှာ ကောင်းမွန်တဲ့ခံစားချက်တွေကို ထားရှိတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဒါကြောင့် သူ့အပေါ်မှာထားရှိတဲ့ ကျမရဲ့ခံစားချက်ကိုလည်း ခိုင်မာသွားစေပါ တယ်” ဟု ရေးသားခဲ့သည်။

“ဒီသတင်းကို ပရိသတ်တွေကို အရင်အသိပေးချင်ပေမယ့် ကျမတစ်ဦးတည်း ဆုံးဖြတ်နိုင်တာမဟုတ်တာ ကြောင့် နှောင့်နှေးနေခဲ့ရတာပါ။ ရုတ်တရက်ကြီး အခုလိုကြေညာလိုက်ရတဲ့အတွက်လည်း တုန်လှုပ်မိပါတယ်။ ဒါပေမယ့် ကျမရဲ့ပရိသတ်တွေက ဆက်လက်အားပေးမယ်ဆိုတာကို ယုံကြည်ပါတယ်။ ကျမတို့နှစ်ဦးစလုံး ပျော်ရွှင်စွာ နေထိုင်သွားပါမယ်။ ကျမတို့ကို ဆုမွန်ကောင်းတောင်းပေးပါဦး။ ကျေးဇူးတင်ပါတယ်”  ဟု ဆက်လက်ရေးသားကာ ပရိသတ်များကို အသီးသီး အသိပေးခဲ့ကြသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly